Unicode + Zawgyi
❣️ဦးဖန်တီးသော~~အချစ် သင်္ကေတ ❣️
💫Part(12)💫
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
"အစ်ကိုလေး ဧည့်သည်ရောက်နေပါတယ်..."
"ဘယ်သူလဲ..."
"ဟန်ပန်သဝဏ်လွှာလို့ပြောရင် အစ်ကိုလေးသိပါတယ်တဲ့..."
"အိုခေ...ငါ့ရုံးခန်းကို လွှတ်လိုက် "
"ဟုတ်ကဲ့ "
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
"ဟိုင်း ကိုကို..."
"ဘာလာလုပ်တာလဲ ဟန်ပန်..."
"အိမ်မှာ တစ်ယောက်တည်း နေရတာ ပျင်းစရာကောင်းတယ်...ကိုကို့အိမ်ဝန်ထမ်းတွေက ဟန်ပန့်ကို အဖက်မှမလုပ်ကြတာ..."
"အဟွန်း...ကိုယ့်ဘေဘီနဲ့စကားပြောကြပေါ့...ပျင်းရင် shoppingထွက်လည်းရတယ်"
"ကိုကို့ဘေဘီက အပေါ်ထပ်ကကို ဆင်းမလာဘူး...ထမင်းစားတာတောင် ခေါင်းကိုက်နေလို့ဆိုပြီး အပေါ်ထပ်သွားပို့ရတယ်..."
"အဟွန်း..."
ဟန်ပန့်စကားကြောင့် သူ့ သဘောကျစွာရယ်သည်။
"ဒါနဲ့ ကိုကို...ဟန်ပန်ပြန်ရောက်ကတည်းက ကိုကို ဟန်ပန့်ကို ဘာမှလိုက်မကျွေးသေးဘူး...ဒီနေ့ ညစာလိုက်ကျွေး..."
"အိုခေလေ ဒါပေမဲ့ ကိုယ်အလုပ်ရှိသေးတယ် ခဏတော့စောင့်..."
"ရတယ် ကိုကို...ဟန်ပန်ဖုန်းသုံးရင်းစောင့်မယ်..."
"ဒါဆို ကိုယ်သွားပြီ..."
"အင်း..."
ကိုကိုထွက်သွားတော့ ဟန်ပန်ဖုန်းကြည့်ရင်းစောင့်နေလိုက်သည်။ ဒါပေမဲ့ အချိန်ကြာလာတော့ ဟန်ပန် ဖုန်းကို စိတ်မဝင်စားတော့။ ဖုန်းကို အိတ်ထဲပြန်ထည့်လိုက်ရင်း ကိုကို့စားပွဲနားမှာ ဟိုကြည့်ဒီကြည့်နဲ့ စပ်စုနေမိသည်။
"ကလင်..."
မက်ဆေ့ခ်ျဝင်လာသည့်အသံကြောင့် ရှာကြည့်မိလိုက်တော့ ဖိုင်တွေအောက်မှာ ကိုကို့ဖုန်း...
"ကိုကိုကလေ ဖုန်းကို အမြဲတမ်းထားသွားတယ်..."
သူ့ အပြစ်ပြောလိုက်ရင်း ဟန်ပန့်လက်တွေကလည်း ဖုန်းကို ဖွင့်လိုက်သည်။ ဖုန်းscreenကို ကြည့်မိလိုက်တဲ့ခဏ ဟန်ပန့်မျက်နှာတည်သွားသည်။ ဘာကြောင့်လဲဆိုရင် ကိုကို့ဖုန်းscreenပေါ်က ပုံက ဆာကူရာအိပ်ပျော်နေသည့်ပုံလေးဖြစ်သည်။ ပြီးတော့ ရောက်လာသည့် မက်ဆေ့ခ်ျကို ကြည့်မိတော့...
CITEȘTI
ဦးဖန်တီးသောအချစ်သင်္ကေတ/ဦးဖန္တီးေသာအခ်စ္သေကၤတ (Season 1)[Completed]
Dragosteသူ့သင်္ကေတက LS groupရဲ့ အမွေဆက်ခံသူတစ်ယောက်။ ရုပ်ချော ဥစ္စာပေါ ရည်းစားများတဲ့သူ။ Playboyတစ်ယောက်။ သူ့ရဲ့(၂၇)နှစ်မွေးနေ့ပါတီမှာ ရည်းစားတစ်ယောက်ရဲ့ဆေးခတ်လိုက်မှုကြောင့် LS groupမှာ စားဖိုမှူးအဖြစ် အလုပ်လုပ်နေတဲ့ ဆာကူရာလို့ခေါ်တဲ့မိန်းကလေးနဲ့ မှားယွင်...