Unicode+Zawgyi
❣️ဦးဖန်တီးသော~~အချစ် သင်္ကေတ ❣️
💫Part(18)💫
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
"အားး...ဦးသူ့..."
"ကျွတ်...ဘာလို့စွတ်အော်နေတာလဲ..."
"ဦးသူ့က ဘာလို့ရာရာကို ရေနဲ့ ခဏခဏပက်နေတာလဲ..."
ဟုတ်သည်။ သူ့ကိုရေချိုးပေးဖို့ ရေချိုးခန်းထဲခေါ်လာတာ။ ရေချိုးကန်ထဲမှာ စိမ်နေပြီး သူမကိုပဲ ရေပက်ပြီးစနေတာ။ ကြာတော့ စိတ်တိုလာသည်။
"မင်းမှအလိုက်မသိတာ...ရေချိုးပေးတယ်ပြောပြီး ကြွေကန်ထဲ ဒီတိုင်းပစ်ထားလို့ရလို့လား...ကိုယ့်ကို ဂျေးတွန်းပေး..."
"ပါးစပ်ကနေ ပြောလည်းရတာပဲကို..."
"လာပါ ကျွတ်...ကိုယ်အေးနေပြီ..."
ရာရာ့လက်ကို စောင့်ဆွဲလိုက်၍ ကြွေကန်ဘောင်ပေါ်မှာ ထိုင်လျက်သားကျသွားသည်။ သို့ပေမဲ့ ရာရာ့လက်တွေက သူ့ရင်ဘတ်ပေါ်တင်လျက်သားဖြစ်သွားတာမလို့ ရာရာရှက်ရှက်နဲ့ ဆပ်ပြာကိုလှမ်းယူကာ အရှက်ပြေ ဆပ်ပြာတိုက်သည်။
"အဟီး...အရင်ဆပ်ပြာတိုက်ပေးမလို့ ကိုင်လိုက်တာ..."
သူ့က ရယ်ချင်နေပေမဲ့ ဘာမှပြန်မပြောဘဲ ခေါင်းသာငြိမ့်သည်။ သို့ပေမဲ့ သူ့ပုခုံး၊လက်ကို တွန်းပေးသည့် ရာရာလက်က တို့လိုက်ထိလိုက်နဲ့မို့...
"အမေ့ရေ..."
"ဗွမ်း..."
ရာရာ သူ့ကိုယ်ပေါ်ကို ဖိကျသွားသည်။
"ဦး.ဦးသူ့..."
ရာရာ့ကိုယ်လေးကို ဆွဲလှည့်လိုက်သဖြင့် သူ့နဲ့မျက်နှာချင်းဆိုင်ဖြစ်သွားသည်။ ရာရာ့လက်ကိုဆွဲယူရင်း သူ့ပုခုံးပေါ်ကို ဖိကာ...
"ဒီလိုတွန်းရတယ်...ကိုယ့်အပေါ်မှာထိုင်ပြီး လုပ်ပေးဖို့ကိုယ်ခွင့်ပြုတယ်..."
"ဒါပေမဲ့...ဦးသူ့ခြေတောက်က အနာနဲ့..."
"အမေ့..."
ခါးသေးသေးလေးကို ဆွဲယူလိုက်၍ ရာရာနဲ့သူ့ပိုနီးကပ်သွားရသည်။ ရာရာ ဘာစကားမှမပြောနိုင်ဘဲ ကြောင်အနေသည်။ သေချာတာက သူ့ရဲ့ညို့ချက်အောက်မှာ ရာရာကျရှူံးသွားသည်ဆိုတာပင်။ ဒီတစ်ခါ အနားကို တိုးကပ်လာတာက သူ့မဟုတ်ဘဲ ရာရာဖြစ်နေသည်။
ESTÁS LEYENDO
ဦးဖန်တီးသောအချစ်သင်္ကေတ/ဦးဖန္တီးေသာအခ်စ္သေကၤတ (Season 1)[Completed]
Romanceသူ့သင်္ကေတက LS groupရဲ့ အမွေဆက်ခံသူတစ်ယောက်။ ရုပ်ချော ဥစ္စာပေါ ရည်းစားများတဲ့သူ။ Playboyတစ်ယောက်။ သူ့ရဲ့(၂၇)နှစ်မွေးနေ့ပါတီမှာ ရည်းစားတစ်ယောက်ရဲ့ဆေးခတ်လိုက်မှုကြောင့် LS groupမှာ စားဖိုမှူးအဖြစ် အလုပ်လုပ်နေတဲ့ ဆာကူရာလို့ခေါ်တဲ့မိန်းကလေးနဲ့ မှားယွင်...