Part(16)

8.2K 242 0
                                    

Unicode+Zawgyi

❣️ဦးဖန်တီးသော~~အချစ် သင်္ကေတ ❣️

         💫Part(16)💫

~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~

"ဘာ...ကွာရှင်းမယ်...မင်းဘာတွေပြောနေတာလဲ...ခဏနေ သတင်းစာရှင်းလင်းပွဲကစတော့မှာ"

"တောင်းပန်ပါတယ် ဦးသူ့...ဒါပေမဲ့ ရာရာဆုံးဖြတ်ပြီးသွားပြီ..."

"မင်းတစ်ယောက်တည်း ဆုံးဖြတ်လို့ရတဲ့အရာမဟုတ်ဘူး...ဘေဘီ...ဘာလဲ အခုလိုဆုံးဖြတ်တာ ဟိုကောင်ကြောင့်လား..."

ဘေးနားကခြင်းကိုလက်ညိုးနဲ့ထိုးကာ‌ မေးလိုက်တော့ ခေါင်းငြိမ့်လိုက်သည့်ရာရာ...

"ဟုတ်တယ်...ရာရာ ခြင်းကိုချစ်တယ်..."

"ဘာ!..."

ဝန်ခံမယ်လို့မထင်မှတ်ထား၍ အံ့ဩတုန်လှုပ်မှုက အထင်းသား။

နှိုင်းကဝင်တားရန်လုပ်တော့ ဝိုင်ကမတားဖို့လက်ဆွဲထားကာ ခေါင်းခါပြသည်။

"ဒါဆိုကိုယ့်ကို လိုက်လျောနေတာ၊နားလည်မှုပေးနေတာတွေက???"

"တစ်ကယ်မဟုတ်ဘူး...အိမ်ထောင်ရေးတစ်ခုကို မြဲအောင်ကြိုးစားခဲ့ယုံပဲ...ဒါပေမဲ့ အခုရာရာနားလည်သွားပြီ အိမ်ထောင်ရေးတစ်ခုက နားလည်မှုပဲရှိယုံနဲ့အဆင်ပြေတာမဟုတ်ဘူးဆိုတာကိုပေါ့..."

"ဒါပေမဲ့ ကိုယ်တို့ချစ်ခဲ့ကြတယ်လေ..."

"အဲ့တာချစ်တာမဟုတ်ပါဘူး...ဦးသူ့သေချာပြန်စဉ်းစားပါ...ဦးသူ့လည်းတစ်ကယ်ချစ်တဲ့သူကို လက်ခံသင့်တယ်..."

စကားအဆုံး ရာရာရဲ့အကြည့်က နှိုင်းဆီရောက်လာသည်မလို့ နှိုင်းစိတ်ထဲတွေးစရာတွေများလာခဲ့သည်။

ရာရာဘာကိုသိသွားတာလဲ???

"ကိုယ်ပြောဖူးတယ်မလား...ကိုယ်တို့အိမ်ထောင်ရေးပြိုကွဲတဲ့နေ့က ကိုယ့်သေနေ့ပဲလို့လေ...မင်းသေချာဆုံးဖြတ်ပြီးပြီလား..."

"ဆုံးဖြတ်ပြီးပြီ ဦးသူ့..."

"ဒါဆို ကိုယ်သေလည်းကိစ္စမရှိဘူးဆိုတဲ့သဘောလား..."

ပါးစပ်က ဘာမှပြန်မဖြေပေမဲ့ စိတ်ထဲမှာတော့ခေါင်းတွင်တွင်ခါနေသည်။ ဦးသူ့က ဦးသူ့ချစ်တဲ့သူ၊ဦးသူ့ကိုချစ်တဲ့သူအတွက် ဆက်လက်ရှင်သန်သွားပါ။

ဦးဖန်တီးသောအချစ်သင်္ကေတ/ဦးဖန်တီးသောအချစ်သ‌င်္ကေတ (Season 1)[Completed]Where stories live. Discover now