691 130 4
ကလေးမလေး နိုးလာတဲ့အချိန်မှာ ငါဟာ သူမနဲ့ အတူတူရှိနေခဲ့တယ်။ အစေခံမလေးတစ်ယောက်ရဲ့ အကူအညီနဲ့အတူ ငါ သူမကို သန့်ရှင်းရေး လုပ်ပေးပြီး အဝတ်အစားလဲပေးပြီးတဲ့ အခါ၊ သမားတော် ရောက်လာပြီး ကောင်မလေးရဲ့ ဒဏ်ရာတွေကို ဂရုတစိုက်နဲ့ ကုသပေးခဲ့တယ်။ ကောင်မလေးကို လေ့လာစူးစမ်းနေရင်းနဲ့ ငါ အံ့သြမိတာတခုက၊ ထူးဆန်းတဲ့ ပတ်ဝန်းကျင်အပေါ်မှာ သူမလေးက ဘာအမူအရာမှ ဖြစ်ပေါ်မနေတာပါပဲ။ အဲဒီ့အစား၊ သူမရဲ့ ဗလာကျင်းနေတဲ့စိတ် နဲ့ အပြုအမူကိုပဲ ငါ မြင်တွေ့ခဲ့ရတယ်။ အစေခံမလေးတွေ မေးနေသမျှကိုကောင်မလေးက ဘာမှ ပြန်မဖြေတဲ့အခါ၊ အစေခံအားလုံးကို ထွက်သွားပေးကြဖို့ ငါ ပြောဆိုခဲ့တယ်။ နှစ်ယောက်ထဲ ကျန်ခဲ့တဲ့ အချိန်ကျမှပဲ၊ ငါဟာ စားပွဲပေါ်တင်ထားတဲ့ ပေါက်စီပေါင်းတွေ ထည့်ထားတဲ့ ပန်းကန်ကို သွားယူလိုက်ပြီး  ကောင်မလေးနားကို သွားခဲ့လိုက်တယ်။
" တို့ နာမည်က Fa Wei Lan ပါ။ " သူမရဲ့ ဘေးနားက ကုတင်စွန်းလေးမှာ ငါ ထိုင်ချလိုက်တယ်။ " နင့်နာမည်ကရော ဘယ်လိုခေါ်လဲဟင်? "
ဗလာကျင်းနေတဲ့ မျက်ဝန်းတွေနဲ့အတူ တိတ်ဆိတ်ငြိမ်သက်ခြင်းကိုပဲ ငါ ကြုံတွေ့လိုက်ရတယ်။
" နင် ဗိုက်ဆာနေတာလားဟင်? " ငါလည်း ပန်းကန်ပြားထဲက ပေါက်စီတစ်လုံးကို ယူလိုက်ပြီး သူမရဲ့ နှုတ်ခမ်းနားမှာ မြှောက်ထားပေးလိုက်မိတယ်။ " စားလိုက်နော်။ "
နောက်ထပ်လည်း သူမလေးဆီက ဘာတုံ့ပြန်မှုမှ မရလိုက်သလို၊ သူက ငါ့ကိုလည်း ကြည့်မနေခဲ့ဘူးရယ်။ ငါလည်း ပေါက်စီကို သူမရဲ့ ပါးစပ်နားကို ပိုကပ်လိုက်ပြီး၊ သူ့ရဲ့ တုံ့ပြန်မှုကို တိတ်တဆိတ်ပဲ စောင့်နေခဲ့မိတယ်။  မိနစ်ပေါင်းများစွာ ကုန်လွန်ပြီးသွားတာတောင်မှပဲ၊ ပေါက်စီကို သူမရဲ့ ပါးစပ်နားမှာပဲ ဆက် ထား ထားပေးနေမိတယ် - ဒါဟာ ငါ့လက်မောင်းလေးတောင် တဆတ်ဆတ် တုန်လာတဲ့အချိန်ထိပါပဲ
" နင် ငါ့ကို သနားနေစရာမလိုဘူး။ " ကောင်မလေးရဲ့ အသံက ခပ်တိုးတိုးပေမယ့်လည်း ပြတ်ပြတ်သားသားရှိလှတယ်။
Rebirth of Fa Wei Lan {Myanmar Translation}Where stories live. Discover now