Chapter 5: အဖြူရောင် မြင်းကလေး/ အဖြူရောင် မြင်းကလေး [ I ]

1.2K 173 2
                                    


တစ်နေ့မှာတော့ အဖြူရောင်စွတ်စွတ် အလံကြီးလွှင့်ထူထားတဲ့ ကြီးမားတဲ့ ကုန်တင်သင်္ဘောကြီးတစ်စင်း Fa ဆိပ်ကမ်းမှာ ကမ်းလာကပ်တယ်။ အလံပေါ်မှာတော့ လင်းယုန်ပုံစံ အမှတ်အသား ပါတယ်။ ပတ်ဝန်းကျင်က အသံတွေကို နားစွင့်ရင်း ငါ သိလိုက်ရတာက ဒီကြီးမားလွန်းတဲ့ သင်္ဘောကြီးကို နာမည်ကျော် Bai မိသားစုက ပိုင်ဆိုင်သတဲ့။

ငါ့ရဲ့ အတိတ်ဘဝတုန်းက ငါ့ကို လူ့အဖွဲ့အစည်းနဲ့ မထိတွေ့စေဘဲ သီးခြားထားခဲ့တာတောင်မှပဲ Bai အိမ်တော်ရဲ့ နာမည်ကို ငါ ကြားဖူးခဲ့တယ်။ သူတို့က နာမည်အကြီးဆုံး ကုန်သွယ်ရေး မိသားစုတွေထဲက တစ်ခုမှန်း ငါ သိပါတယ် - နန်းမြို့တော်မှာ အသုံးပြုတဲ့ ပစ္စည်းအများစုက Bai မိသားစုနဲ့ ကုန်သွယ်ပြီး ဝယ်ယူထားတဲ့ဟာတွေပဲ။ Fa မိသားစုတောင်မှပဲ Baiတွေနဲ့ ယှဥ်ရင် ဒုတိယ နေရာမှာပဲ ရှိတယ်။

ကမ်းကပ်ထားတဲ့ သင်္ဘောရဲ့ ဘေးမှာ ရပ်နေရင်း နဲ့ အထုပ်အပိုးငယ်တွေ သယ်ဆောင်တာကို ကူညီပေးနေမိတယ်။ တခြား ဘာကိုမှ ထပ်မတွေးတော့ဘဲ ငါ့ရဲ့ ပုံမှန်အလုပ်ပဲ လုပ်နေဖြစ်တယ်။ ငါ့ အလုပ်ပဲ ဆက်လုပ်နေရင်းနဲ့ ရုတ်တရက် ပွက်လောရို​က်နေတဲ့ အသံ နဲ့ ဒေါသထွက်နေတဲ့ မြင်းတစ်ကောင်ရဲ့ ဟီသံကိုကြားလိုက်ရပြီး ငါ့စိတ်က ကြီးမားတဲ့ သင်္ဘောကြီးဆီ ရောက်သွားပြီး ကြည့်လိုက်မိတယ်။

လူ၆ယောက်ကနေ ကြိုးအများကြီးနဲ့ ဆွဲကိုင်ပြီး ချည်နှောင်ထားရတဲ့ လှပလွန်းတဲ့ အဖြူရောင်စွတ်စွတ် မြင်းကလေးကို ငါမြင်လိုက်တယ်။ မြင်းက သေးသေးလေးရယ် - ပြီးတော့ ရမ်းလည်း ငယ်ရွယ်သေးတာကို အဲဒီ့လူတွေက ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်နေကြတာ မြင်ရတော့ ငါ အံ့သြမိတယ်။ ရက်စက်လွန်းတဲ့ မြင်ကွင်းကို ရပ်ကြည့်မိနေရင်း - မြင်းကလေးရဲ့ ဝမ်းနည်းစရာ မျက်လုံး​​ပြောင်တွေကို ငါမြင်လိုက်တယ် - တိမ်လိုမျိုး ဖြူနေတာ ပဲ။ လှပလွန်းတဲ့ မြင်းဖြူကလေးဟာ မျက်စိ မမြင်ရှာဘူးပဲ။ မြင်းတစ်ကောင်ရဲ့ တန်ဖိုးဟာ သူ့ရဲ့ အမြင်အာရုံပဲ - မြင်ကလေးက မမြင်နိုင်မှတော့ - ဘယ်သူက သူ့ကို စီးနိုင်ပါ့မလဲ?

Rebirth of Fa Wei Lan {Myanmar Translation}Hikayelerin yaşadığı yer. Şimdi keşfedin