အဖြူရောင် မြင်းကလေး/ အဖြူရောင် မြင်းကလေး [ II ]

1.1K 163 1
                                    

Bai သခင်ကြီးလို့ခေါ်တဲ့ လူကြီးရဲ့ အကူအညီကို ငါ ရလိုက်တယ်။ ငါ့ ဘိုးဘိုးလိုပဲ၊ ဒီလူကြီးဆီမှာ ယဥ်ကျေးသိမ်မွေ့တဲ့ အရှိနိအဝါ တစ်မျိုးရှိနေတယ်။ ဒါပေမယ့် ဘိုးဘိုးက ကိုယ့်ကိုယ်ကို နှိမ့်ချပြီး ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားပေမယ့် ဒီ Bai သခင်ကြီး ကတော့ အဖြူရောင်နဲ့ ရွှေရောင် ရောစပ်ထားတဲ့ ဝတ်ရုံကို သေသေသပ်သပ် ဝတ်ဆင်ထားပြီး သူ့ဆံပင်ကို ဆံထုံးအပြည့် သေချာထုံးဖွဲ့ ထားတာကြောင့် ပိုပြီး ခမ်းခမ်းနားနား နေတတ်ပုံပေါ်တယ်။ လူတစ်ယောက်က သူ့ကို ကြည့်လိုက်မိတာနဲ့ ချမ်းသာကြွယ်ဝမှန်း သိနိုင်ပါတယ်။

" Bai သခင်ကြီး၊ ဒီကလေးက ပြဿနာ လာရှာနေတာပါ ခင်ဗျ " လို့ ကြာပွတ်နဲ့ လူကြီးက အေးစက်စက်ပြောလေတယ်။ သူ့မျက်လုံးတွေကတော့ သူ့သခင်ကြီးရဲ့ အမာန်မဲခံရလို့ ငါ့ကို အပြစ်တင်ကြည့်နဲ့ ကြည့်နေတယ်။

" သြော်... ဒီလိုလား........ " အဘိုးအိုက ငါ့ကို ကြည့်လိုက်တယ်၊ စကားမပြောခင် ခေါင်းအစ ခြေအဆုံး အကဲခတ် လေ့လာပြီးမှ မေးလာတယ်။ " မင်းရဲ့ နာမည် ဘယ်လိုခေါ်သလဲ ကလေး "

ငါ တုံ့ဆိုင်းသွားမိတယ်။ ပြီးတော့မှ လက်နှစ်ဖက်ကို ဆုပ်ပြီး သူမေးတာကို ရိုရိုသေသေ ပြန်ဖြေဖို့အတွက် ခေါင်းငုံ့လိုက်တယ်။

" Fa Wei Lan "

ဆိပ်ကမ်းမှာရှိနေတဲ့ ဘယ်သူ့ကိုမှ ငါ့နာမည်အပြည့်အစုံကို မပြောပြခဲ့ဖူးဘူး။ ဘိုးဘိုးက ဆိပ်ကမ်းကို ပထမဆုံး ခေါ်လာတဲ့နေ့တုန်းက ငါ့နာမည်ကို Lanကလေး လို့ပဲ မိတ်ဆက်ပေးခဲ့ပြီး လူတွေကလည်း ဒီလိုပဲ သိကြတယ်။ ဘယ်သူကမှ ထပ်ပြီး မစပ်စုခဲ့ကြဘူး။ အခု ငါ့နာမည်ကို ပြောပြလိုက်တာကို ဘိုးဘိုး စိတ်မဆိုးလောက်ဘူးလို့ မျှော်လင့်ရုံပဲ ငါ တတ်နိုင်တော့တယ်။

" Fa Wei Lan " အဘိုးကြီးက အံ့သြနေရင်းနဲ့ပဲ ငါ့နာမည်ကို အသာအယာ ပြန်ခေါ်ကြည့်နေတယ်။

ဆိမ်ကမ်းက လူတွေအကုန် ဆွံ့အကုန်ပြီး Fa He Long နဲ့ ငါ့ရဲ့ ဆက်ဆံရေးကို ဒွိဟ ဖြစ်နေကြမယ်မှန်း သိလိုက်ပါတယ်။

" Bai သခင်ကြီး " ငါ့ဘိုးဘိုး ပါဝင်မလာခင်မှာပဲ ဒီပြဿနာကို ဖြေရှင်းဖို့ လိုအပ်တယ်။ ဒါမှသာ ငါ့စိတ်တွေ စိုးတထင့်ထင့် မဖြစ်စေမှာပဲ။ " Wei Lan အခုလို ရဲရဲတင်းတင်း စကားပြောမိတာကို ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။ Wei Lanက Bai သခင်ကြီးကို မလေးမစား လုပ်ဖို့ မရည်ရွယ်ပါဘူး " လို့ ငါ ပြောမိတယ်။

Rebirth of Fa Wei Lan {Myanmar Translation}Opowieści tętniące życiem. Odkryj je teraz