Chapter 10: ကံကြမ္မာ/ ကံၾကမၼာ

1.2K 185 3
                                    

" ကြိုးစားနေပါ့လား ညီမလေး "

Minရဲ့ အသံကို ကြားလိုက်ရချိန်မှာ ငါဟာ နက်ပြာရောင် ဝတ်စုံဝတ်ထားပြီး ဗလာကျင်းနေတဲ့ လေ့ကျင့်ရေးခန်းမကျယ်ကြီးထဲမှာ၊ မနက်ခင်း လေ့ကျင့်မှု အကြာကြီး ပြုလုပ်ပြီးနောက်၊ ဒူးတုပ်ထိုင်ပြီး စိတ်တည်ငြိမ်အောင် လေ့ကျင့်နေခဲ့တာပဲ ဖြစ်တယ်။ ငါဖြင့် မျက်လုံးတောင် ဖွင့်မကြည့်ခဲ့မိဘူး။ Min စတင် ရောက်ရှိလာကတည်းက၊ သူ့ရဲ့ ပျော်ရွှင်တတ်တဲ့ ပင်ကိုယ်စရိုက်ကို ငါ အလျင်အမြန်ပဲ လိုက်မီနိုင်ခဲ့တယ်။ ငါ သိသလောက်တော့ အခုမှ ၁၄နှစ်ပဲ ရှိသေးတဲ့ ကောင်လေးက ကစားတတ်ပြီး အပျော်ရှာရတာကို ဝါသနာပါတယ် ဆိုတာပါပဲ။ သူ့ရဲ့ ရွှင်ပြပြီး ပျော်တတ်တဲ့ ပင်ကိုယ်စရိုက်က အင်အားသစ် တိုးစေတာကြောင့်၊ သူက နောက်​ပြောင်တတ်ပေမယ့်လည်း ငါ့ကို အတော်လေး ပျော်ရွှင်စေတယ်။ ငါ့မှာ သွေးရင်းအကိုကြီးတစ်ယောက် ရှိလာသလိုမျိုးကို ခံစားရတယ်။ ငါက တစ်ဦးတည်းသော သမီးငယ် ဖြစ်ခဲ့တာကြောင့် ငါ့မှာ အခုလို အနှောင်အဖွဲ့ကင်းပြီး စကား လွတ်လွတ်လပ်လပ်ပြောနိုင်တဲ့သူ တစ်ယောက်မှကို မရှိခဲ့ဘူး။ ငါ့ရဲ့ အတိတ်ဘဝတုန်းက ငါ့ဦးလေးရယ်၊ သူ့မိသားစုဝင်တွေနဲ့ ငါ နေထိုင်ခဲ့ဖူးတာတောင်မှပဲ - သူ့ သားသမီးတွေက ငါနဲ့ အမြဲတ​စေ ခပ်ခွာခွာပဲ နေခဲ့ကြတယ်။ အစတုန်းက၊ ငါ ထင်ခဲ့မိတာက ငါ့ရဲ့ မျိုးရိုးဆက်ခံသူဆိုတဲ့ အဆင့်အတန်းကြောင့် ဖြစ်မယ်ပေါ့။ အခုမှ ငါ သိခဲ့ရတာက သူတို့ဖက်က ငါ့ကို မိသားစုဝင်  တစ်ယောက်အဖြစ် ဘယ်တုန်းကမှ သဘောမထားခဲ့ကြဘူး ဆိုတာပါပဲ။


" ညီမလေး " ကောင်ငယ်လေး တစ်ယောက်လိုမျိုး ဂျီကျပြီး ငြီးငြူပြတဲ့  Min ရဲ့ အမူအရာက ငါရဲ့ အတွေးနက်နက်တွေကို လွင့်ပြယ်သွားစေခဲ့တယ်။ " အကိုနဲ့ အတူတူ ဆော့ကြရ​အောင်။ ကိုယ်တို့ စတွေ့ကတည်းက ညီမလေးက လေ့ကျင့်ပြီးရင်း လေ့ကျင့်နေတော့တာပဲ။ မပျင်းသေးဘူးလားကွာ? "

ငါ မျက်စိမှိတ်ထားရင်းနဲ့ပဲ ပါးစပ်ပါ ပိတ်ထားခဲ့တယ်။

" ညီမလေး လို့၊ အပြင်ထွက်ပြီး ကစားကြရအောင်ပါဆို " Min က ဆက်လက် ဂျီကျပြီး ငြီးငြူနေခဲ့တယ်။


Rebirth of Fa Wei Lan {Myanmar Translation}Opowieści tętniące życiem. Odkryj je teraz