Chapter 11: နွေဦးပြိုင်ပွဲ/ ေႏြဦးၿပိဳင္ပြဲ

1.3K 183 3
                                    


အချိန်တွေ တစ်နှစ်ပြီး တစ်နှစ် ကုန်ဆုံးပြီးသွားတဲ့အခါ...... ငါများ ပြောင်းလဲသွားပြီလားလို့ စဥ်းစားနေမိတော့တယ်........

အချိန် ၂နှစ် ကုန်ဆုံးသွားပြီး နောက်မှာတော့၊ ငါ့ဘဝရဲ့ နေထိုင်မှုပုံစံ အသစ်နဲ့ တဖြည်းဖြည်းချင်း အသားကျလာတာကို ငါ တွေ့ရှိခဲ့တယ် - ကျောင်းမသွားခင် မနက် အစောပိုင်းမှာ ကိုယ်ခံပညာ လေ့ကျင့်ဖြစ်တယ်။ ကျောင်းသွားစရာမလိုတဲ့ နေ့တွေမှာဆိုရင်တော့၊ ငါဟာ ဆိပ်ကမ်း မှာပဲ အလုပ် လုပ်နေမယ်၊ ဒါမှ မဟုတ်ရင် အိမ်တော်မှာပဲ နေဖြစ်ရင်းနဲ့ စာပေ လေ့လာတာနဲ့ စာဖတ်တာတွေ လုပ်ဖြစ်ခဲ့တယ်။ နေ့ရက်တိုင်းဟာ အလုပ်များပြီး အရေးပါတဲ့ နေ့တွေပါပဲ။ ငါဟာ ညတိုင်းပဲ အေးအေးချမ်းချမ်းနဲ့ အိပ်ပျော်နိုင်ခဲ့တယ်။ အတိတ်ဘဝ တုန်းကတော့၊ မျက်ရည်တွေ ဒါမှမဟုတ် အိပ်မက်ဆိုးတွေနဲ့ ညတွေကိုပဲ ငါ ကျော်ဖြတ်ခဲ့ရတယ်။ အကြောက်တရား နဲ့ ဝမ်းနည်းခြင်း - ဒါတွေက ငါ သိရှိခဲ့သလောက်တော့ ကိုယ့်စိတ်ကို တဖြည်းဖြည်းချင်း ညှဥ်းပန်းနေပြီး စိတ်ဝိဥာဥ်ကို သတ်ပစ်လိုက်နိုင်တဲ့ စိတ်ခံစားချက်တွေပါပဲ။

" ညီမလေး၊ ရပြီ..... တော်ပြီ.... တော်ပြီနော်............ "

ငါက Min နဲ့အတူ တွဲဖက်ပြီး လေ့ကျင့်နေရင်း ကိုယ့်အတွေးတွေထဲမှာ မျောနေခဲ့တာပဲ ဖြစ်တယ်။ ငါ့ အစ်ကိုကြီး ဖြစ်နေတဲ့ ကောင်လေးက ငါ့ရဲ့ ထိုးချက်၊ ကန်ချက်တွေကို မနည်းခုခံနေရမှန်း ငါ သတိမထားမိခဲ့ဘူးရယ်။ ချက်ချင်းပဲ၊ ငါ နောက်ပြန်ဆုတ်လိုက်ပြီးတော့ ငါ့အစ်ကိုက အတွင်းကြေဒဏ်ရာ ဖြစ်သွားတဲ့ သူ့လက်မောင်းတွေကို ပွတ်နေတာကို ကြည့်နေခဲ့မိတယ်။ စိတ်လွတ်သွားမိတဲ့အတွက် ငါ နည်းနည်းလေးတော့ အပြစ်ရှိသလို ခံစားလိုက်ရတယ်။

" တကယ်လို့ မင်းဖက်က ကောင်းကောင်းမွန်မွန် မခုခံဘူးဆိုရင်၊ မင်း ညီမလေး က မင့်းထက် သာသွားတော့မှာပဲ "

ဘိုးဘိုးက လေ့ကျင့်ရေးခန်းမထဲ ဝင်လာတဲ့အခါ ငါ ဦးညွတ်ပီး သူ့ကို ဂါရဝပြုခဲ့တယ်။

" ဘိုးဘိုး၊ ညီမလေး က တကယ့်ကိုပဲ သားကို အနိုင်ကျင့်နေတာဗျ " Min က ငါ့ဖက်ကို လက်ညှိုးထိုးပြရင်း နှုတ်ခမ်း ဆူနေခဲ့တယ်။

Rebirth of Fa Wei Lan {Myanmar Translation}Where stories live. Discover now