2.3K 233 1
မိုးတွေရွာနေခဲ့တယ်။
ငါမျက်လုံးဖွင့်ကြည့်မိတဲ့အခါ Zhou Ming နှင့် Fa Su Lan လို့ ကျောက်စာ ရေးထိုးထားပြီး အဖြူရောင်ကျောက်သားနဲ့ လုပ်ထားတဲ့ အထိန်းအမှတ်အုတ်ဂူကို မြင်လိုက်ရတယ်။ ဒါ ငါ့မိဘတွေရဲ့ သင်္ချိုင်းဂူပဲ..........
တဒုတ်ဒုတ်ခုန်နေတဲ့ ငါ့နှလုံးသားလေးကို ဆုပ်ကိုင်ရင်း ရင်းနှီးခဲ့ဖူးတဲ့ မျက်နှာတွေကို ငါ ကြည့်မိတယ်။ လူတိုင်းဟာ အနက်ရောင်ကို ဝတ်ဆင်ထားတယ်။ အထိန်းအမှတ်အုတ်ဂူဖက် ပြန်လှည့်ကြည့်ရင်း အေးပြီး စိုစွတ်နေတဲ့ စာလုံးတွေကို ငါ စမ်း​ကြည့်မိတယ်။ အဲဒီ့အခါကျမှ သေးငယ်တဲ့ ငါ့လက်တစ်စုံကို သတိပြုမိတော့တယ်။ ငါ့ခန္ဓာကိုယ်ကို ပြန်ငုံ့ကြည့်မိရင်း ဘယ်လောက်တောင် အကောင်သေးနေလဲဆိုတာ မြင်လိုက်ရတယ်။ မျက်ရည်တွေ ရုတ်တရက်ကျလာရင်း ငါ့မျက်ဝန်းတစ်စုံကို စမ်းကြည့်မိတယ်။ ဒါ အမှန်တကယ် ဖြစ်နေသလို ခံစားရတယ် - မျက်ရည််၊ ငါ့မျက်ရည်တွေ။
" Wei Lan, ကလေး " တတိယ ဦးလေးဟာ ငါ့နောက်ကျောဖက်ကို ရောက်လာပြီး ညင်သာစွာ စကားပြောတယ်။ " ထပ်မငိုပါနဲ့တော့၊ အခုချိန်ကစပြီး ဦးလေးက သမီးရဲ့အဖေပါပဲ။ ဦးလေးက သမီး​လေးကို ကိုယ့်သမီးအရင်းလို ချစ်ပြီး ကာကွယ်သွားပါ့မယ်။ "
ဒီစကားလုံးတွေက တစ်ချိန်တုန်းက ငါ့ကိုစိတ်လှုပ်ရှားစေခဲ့တဲ့ အပြောတွေနဲ့ ထပ်တူပဲ။
" Zhou Tao, မင်းက ဒီတာဝန်အတွက် မသင့်လျော်ဘူး။ Wei Lan က မျိုးရိုး အမွေဆက်ခံသူပဲ၊ အကြီး​ဆုံး ဦးလေးအနေနဲ့ ငါက သူ့ကိုစောင့်လျှောက်ပေးဖို့ ပိုသင့်တော်တယ်။ "
" အကိုကြီး Hai, အကိုကြီးက ဒုတိယ အကြီးဆုံး ဖြစ်ရုံနဲ့ သင့်တော်တယ်လို့ အလွယ်လေး မပြောနဲ့လေ။ Wei Lan လေးက ကျွန်တော်နဲ့ ကျွန်တော်ဇနီးနဲ့အတူ နေထိုင်သင့်တယ်။ အကိုကြီးနဲ့ Tao နှစ်ယောက်စလုံးမှာ ပျိုးထောင်ပေးစရာ ကလေးတွေ ရှိပြီးသားပဲ။ "
အရင်က​ဖြစ်ခဲ့တာနဲ့ တစ်ထပ်ထဲတူတဲ့ ငါ့မျက်စိရှေ့က မြင်ကွင်းကို ငါ တိတ်တိတ်လေးပဲ ပါဝင်နေရတယ်။ ဒါတွေအကုန်လုံးကို တစ်ခါ ပြန်မြင်နေရတယ်။ ငါ ဘယ်လောက်တောင် ရိုး အ ခဲ့သလဲဆိုတာ အခုမှပဲ ငါ သဘောပေါက်တော့တယ်။ သူတို့အားလုံး ငါ့အတွက် တိုက်ခိုက်နေကြတယ်လို့ ယုံကြည်မိပေမယ့်၊ အမှန်ကတော့ သူ့တို့ဟာ ကိုယ့်အတွက်ကိုယ် တိုက်ခိုက်နေခဲ့ကြတာပဲ။ ဒါပေမယ့် ငါကတော့ အနိုင်ရမယ့် ဒိုင်းဆု တစ်ခုလို - အသုံးချစရာ အဆင်တန်ဆာ တစ်ခုလို....။
Rebirth of Fa Wei Lan {Myanmar Translation}Tahanan ng mga kuwento. Tumuklas ngayon