EP4(U)

4.1K 530 2
                                    

uni

ဇာတ်ညွှန်းရပြီးတပတ်မျှအကြာတွင်
ရှရှင်းချန်သည် ရိုက်ကူးရေးရှိရာသို့
တရားဝင် သွားရောက်လိုက်သည်။

လေယဥ်စထွက်ချိန်ထဲကပင်
ရှရှင်းချန်သည် အကြိမ်ကြိမ် ဖတ်နေခဲ့ပြီး
သူ့စိတ်ထဲတွင် ရှုပ်ထွေးမှုများပင်ရှိနေခဲ့ရသည်။တဖက်တွင် ရုပ်ရှင်ထဲရှိ
ဇာတ်ကောင်နှစ်ဦး၏ရင်းနှီးတွယ်ယှက်မှု
အား ဖော်ပြသော ဇာတ်ဝင်ခန်း 3ခုအတွက်
စိတ်ရှုပ်နေခဲ့ပြီး နောက်တစ်ဖက်တွင်
နာမည်ကြီးကျော်ကြားသော
ဒါရိုက်တာ ၊သရုပ်ဆောင် များနှင့်
စတင် အလုပ်လုပ်ရမည့် ပထမဆုံး
အကြိမ် ဖြစ်သောကြောင့် ဖြစ်လေသည်။

ရိုက်ကူးရေးနေရာသို့ ရောက်သည့်ညတွင်
ရှရှင်းချန်သည် အဖွဲ့သားများနှင့်အတူ
ညစာစားခဲ့သည်။ထိုအချိန်တွင်
ယန်ရိုမင်ကမူလေယာဥ်
နောက်ကျသောကြောင့်
ရောက်မလာခဲ့သေး။

ဟယ်ကျန်းသည် စကားများများပင်
မပြောတတ်သူဖြစ်ပြီးဆေးလိပ်သောက်နေသည်ကိုသာတွေ့ရသည်။သူသည်
ထမင်းစားနေရင်းတောင် ဆေးလိပ်သောက်
ခြင်းအား မရပ်တန့်ဘဲ ရှိနေရင်း
ရှရှင်းချန်အား ရုပ်ရှင်နှင့်ပတ်သက်ပြီး
ဘာမှပင် ပြောမလာခဲ့။ထိုညက
ရှရှင်းချန်သည် အရက်သောက်ခဲ့ပြီး
ဟိုတယ်ဆီသို့ ရီဝေဝေ အနေအထားဖြင့်
ပြန်လာခဲ့လိုက်သည်။
ဓာတ်လှေကားသည် သူတည်းသောအထပ်သို့ရောက်ချိန်တွင် ထွက်လာခဲ့လိုက်သည်။
သူ့ဖိနပ်သံသည် ကော်ဇောပေါ်တွင်
အသံတစ်ခုအနေဖြင့် ရှိနေခဲ့သည်။
စကြ်ံလမ်းရှိ အလင်းရောင်သည်
မှိန်လွန်းလှသည်။နံရံကပ်မီးအိမ်သည်
အမြင့်တွင်ရှိနေသည်။မီးအိမ်၏
အဝါရောင်မှိန်ဖျဖျ အလင်းရောင်သည်
အလွှာများကဲ့သို့ရှိနေရင်းအရာများအားလုံးကို မြူဆိုင်းနေသကဲ့သို့
မှုန်ဝါးဝါးရှိနေလျက်။

ထို့နောက်တွင် ရှရှင်းချန်သည်
စကြ်ံလမ်းတွင် လူတစ်ယောက်ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူသည် ပထမ၌
အဝေးမှပင်ဖြစ်နေသည်မို့ သဲသဲ ကွဲကွဲ
မမြင်ရသော်လည်း ထိုသူသည် အရပ်ရှည်ရှည် လူတစ်ဦးဖြစ်ပြီး ခရီးဆောင်အိတ်များလည်း ပါသည်ကို တွေ့ရသည်။

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Wo Geschichten leben. Entdecke jetzt