EP12(Z)

1.1K 73 1
                                    

.ရှရှင်းချန်သည် များစွာသောက်ခဲ့ပြီး
ဟွမ်ကျီရှင်းနှင့် လမ်းခွဲကာ ပြန်လာခဲ့ချိန်၌
အနည်းငယ် မူးယစ်ရီဝေလျက် ပြန်လာခဲ့လေသည်။

သူသည် ဟိုတယ်ဆီသို့ တစ်ယောက်တည်း
ပြန်လာခဲ့လိုက်ပြီး ဓာတ်လှေကားမှ ထွက်လာခဲ့လိုက်
သည်။သူလှမ်းခဲ့ရာလမ်းတစ်လျှောက်၌ သူ့ဖိနပ်သည်
ပျော့ပျောင်းလှသော ကော်ဇောတွင်းသို့
နစ်ဝင်သွားခဲ့လျက် သူနင်းခဲ့သော
ဖိနပ်သံပင် စိုးစဉ်းမျှထွက်မလာခဲ့။

ရှရှင်းချန်သည် လုံးဝပင် ယိုင်လဲသွားမည့်
အေနအထားထိ မရှိသော်လည်း
သူ့ ခန္ဓာကိုယ်မှာ အနည်းငယ်ယိမ်းထိုးကာ
လှုပ်ခါ နေလျက် ရှိနေခဲ့လေသည် ။
အရက်၏လှုံ့ဆော် မှုကြောင့် ပင်
သူ့ဦးနှောက်များသည် အနည်းငယ်
လှုပ်ရှားရုန်းကြွနေလျက် ပုံမှန်အနေအထား
တစ်ခုထက် မြန်မြန်ဆန်ဆန်ပင် လှမ်းလျှောက်
လာခဲ့သည်။

ရှရှင်းချန်သည် ရုတ်တရက် ယန်ရိုမင်ကို
သတိရသွားရင်း ခပ်ထွေထွေအနေအထား
ဖြင့် ယန်ရိုမင် အခန်းရှေ့မည်သို့ပင်
ရောက်သွားသည် ဟု သူမတွေးတော့ဘဲ
ယန်ရိုမင်၏အခန်းတံခါးရှေ့သို့ သြားရပ္ကာ
အခန်းနံပါတ်အား ဝါးတားတားဖြင့်
ကြည့်နေခဲ့မိလျက်။

( baby ရွ တို့များမူးတာတောင်
တကယ်ဘဲ😂)

သူသည် အမှန်တကယ်ပင် ယန်ရိုမင်အား
ညစာစားဖို့ဖိတ်ကြားချင်ခဲ့ခြင်း ဖြစ်လေသည်။
ရုပ်ရှင် ရိုက်ကူးခဲ့စဉ်အတွင်း
ယန်ရိုမင်၏ဂရုစိုက်မှု၊နူးညံ့သိမ်မွေ့သော
အသွင်အပြင် နှင့် သူ့အား ပြောလာသော
စကားမ်ားက သူ၏စိတ်နှလုံးထဲမှ
စိုးရိမ်ပူပန်မှုများနှင့် မိမိ ကိုယ်ကိုယုံကြည်မှု
ပျောက်ဆုံးခဲ့ခြင်းများကို လုံးဝပင် ပျောက်ကွယ်သွားစေခဲ့ရသည်။ထိုအချိန်က ယန်ရိုမင်၏အားပေးစကားကြောင့်
နောက်တခန်းကိုပင် ချောမွေ့စွာ
ရိုက်နိုင်ခဲ့ရင်း ပထမ ဖြစ်ပေါ်ခဲ့သော
စိတ်ဓာတ်ကျခြင်းများကို ပင်လုံးဝရှာမတွေ့
နိုင်လျက် သူ့ကိုယ်သူပင် သံသယရှိခဲ့ရသည်။

ကံကောင်းအားလျော်စွာ
ယန်ရိုမင်က ရှိနေခဲ့သည်။

ရှရှင်းချန်သည် မူးဝေနေလျက်
ဘာမှမစဉ်းစားတော့ဘဲ
သူ၏လက်ကို မြှောက်လိုက်ရင်း
တံခါးကို ခေါက်လိုက်သည်။
သစ်သားတံခါး ကို လက်ဖြင့်
ခေါက်လိုက်သောကြောင့်
ကျယ်လောင်သောအသံက
ရုတ်ခြည်းပင်ထွက်ပေါ်ခဲ့သည်။

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Where stories live. Discover now