.Ep30ဆုမတောင်းမိခဲ့သောတောင်းဆု တစ်ခု (U)
ထိုနေ့ ရိုက်ကူးခဲ့သည့် နောက်ဆုံးအခန်းက
ယွီဟိုင်ရန်နှင့်ဖန်ကျင့်ယွမ် အတူ
ညစာစားသည့် အခန်းပင်ဖြစ်သည်။ဖန်ကျင့်ယွမ်သည် ယွီဟိုင်ရန်အတွက် ကုန်စုံစတိုးဆီမှ ဘီယာနှစ်ပုလင်းပါ ယူပေးထားခဲ့သည်။ယွီဟိုင်ရန်သည် အေပရွန်ကိုချွတ်လိုက်ရင်း ထမင်းစားပွဲအစွန်းကိုမှီလျက်ရပ်နေလိုက်သည်။ဖန်ကျင့်ယွမ်လက်ထဲမှ
ဘီယာနှစ်ပုလင်းအား ယူလိုက်ပြီး
စိတ်မြန် လက်မြန်ပင်သွားဖြင့် အဖုံးအား
ကိုက်ဖွင့်လိုက်သည်။ဖန်ကျင့်ယွမ်အား ဖွင့်ထားသော ဘီယာတစ်ပုလင်းအားပေးကာ မေးလာသည်။
!မင်းသောက်ချင်လား!
ဖန်ကျင့်ယွမ်သည် ယွီဟိုင်ရန်လက်ထဲမှ
ပုလင်းအားကြည့်ကာအမြန်ပင်ခေါင်းငြိတ်ပြလိုက်သည်။!ကျွန်တော် သောက်ချင်တယ် !
ယွီဟိုင်ရန်သည် ညနေထဲကပင် စျေးသိူ့
သီးသန့်သွားကာ ပုဇွန်၊ငါးများနှင့်အတူ လိုအပ်သော ပစ္စည်းများကို ဝယ်လာခဲ့လေသည်။ပြီးနောက် သီးသန့်ပင်
ဖန်ကျင့်ယွမ်သူ့အားစားချင်သည်ဟု ပူဆာထားသော ပုဇွန်ကြော်နှင့် ငါးပေါင်းအား
အထူးစပယ်ရှယ် လုပ်ပေးခဲ့ခြင်းဖြစ်သည်။ထမင်းစားနေစဥ်အတွင်း ယွီဟိုင်ရန်က ဖန်ကျင့်ယွမ်နှင့် စကားပြောနေရင်း ပုဇွန်များအား အကောင်တိုင်းပင် အခွံခွာ ပေးနေခဲ့ပြီး ဖန်ကျင့်ယွမ်၏ပန်းကန်ထဲသိူ့ ထည့်ပေးနေခဲ့သည်။ပြီးနောက် ဘီယာပုလင်းအား ယူကာ
ခွက်ထဲသို့ ပြည့်လုခမန်းထည့်ပြီးသောက်နေခဲ့ကြသည်။ဖန်ကျင့်ယွမ်သည် တူဖြင့် ပန်းကန်ထဲမှ
အခွံခွာထားသောပုဇွန်အားညှပ်ယူလိုက်ပြီး
ပြောလိုက်သည်။!ကျွန်တော့ကို ကလေးလို
လုပ်ပေးမနေပါနဲ့ခင်ဗျားလဲစား !ယွီဟိုင်ရန်က ပြုံးလျက် ဘီယာ ပုလင်းအား
အောက်သိူ့ ချလိုက်ရင်း ပြောလာသည်။!ကိုယ်မစားတော့ဘူး !
ပြောနေရင်းပင် နောက်ပုဇွန်တကောင်အား
အခွံခွာကာ ဖန်ကျင့်ယွမ် ပန်းကန်ထဲသိူ့
ထပ်ထည့်ပေးလိုက်သည်။
YOU ARE READING
ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)
Romance.Love Story At Starry Night (明日星程))MM Translation. Oringinal Author 金刚圈 COO ...135Chapters +15Extras+2 NewExtra Public by Chang Pei Publish date 2018 Eng Translator. ....littlemonster Start Date 17.1.2021 End Date 2.6.2021 This story is not mine. T...