EP102(U+Z)

3.4K 442 41
                                    

...

Uni
EP102 ကျန်းဇီဟယ် ရဲ့ ရှာလကာရည် (U)

တချိန်က ကျန်းဇီဟယ် ရှရှင်းချန်နဲ့  ယခင် ဓာတ်ပုံရိုက်ကူးရေးများ၌ ဆုံဖူးထားခဲ့တယ်။
သူဝင်ရောက်လာတုန်းကလည်းအထူးအဆန်းတော့မရှိခဲ့။ကျန်းဇီဟယ်က
လူပေါင်းမြောက်မြားစွာအားဓာတ်ပုံရိုက်ကူးပေးနေရသူဖြစ်ကာ အထူးသဖြင့်
မျက်နှာသစ် အဆိုတော်များ၊
ချောမောလှပသော မင်းသားများ၊သရုပ်ဆောင်များ ၊မော်ဒယ်လ်များအား ဖြစ်ပြီး အတော်များများက ငယ်ရွယ်ချောမောသူများဖြစ်ကြတယ်။အကယ်၍ ထိုသူများထဲမှ သူ သဘောကျနှစ်သက်သူရှိပါက ထိုသူတို့အား စိတ်ကူးယဥ်ကြည့်ပြီး သူ့ဖက်က အရိပ်အမြွက်ပြောဆို ကမ်းလှမ်း ဖူးခဲ့တယ်။
တချို့သူတွေက သူ့ကို ငြင်းပယ်ခဲ့တာတွေ ရှိရင်လဲ သူက လက်လွှတ်ပေးခဲ့လိုက်တယ်။
အဲဒီအချိန်က ရှရှင်းချန်က တကယ့် အဖြောင့်ကြီး ဖြစ်ပြီး လိင်မတူဆက်ဆံသူသာ ရှိနေဆဲဖြစ်တယ်။သူက ကျန်းဇီဟယ်ကို ဘာမှ မတုံ့ပြန်ခဲ့ဘူး ။ဒါကြောင့်မို့ ဒီကိစ္စတွေကို
နောက်မှသာချန်ထားခဲ့ရင်း အလေးအနက်ထားစရာ ကိစ္စ လို့လဲမမှတ်ယူခဲ့မိဘူး။

ဒါပေမယ့် ကျန်းဇီဟယ် ယန်ရိုမင့်ကိုတော့ နည်းနည်း လေးတောင်အရော မဝင်ရဲခဲ့ဘူး။
အဲ့ဒါက ယန်ရိုမင့်ကို သူမလိုချင်လိုတော့ မဟုတ်ခဲ့ဘူး။အကယ်၍များ သူအတူ အိပ်ချင်တဲ့ အနု ပညာလောကထဲက အထင်ကရ ပုဂ္ဂိုလ်တွေကို အဆင့်သတ်မှတ်မည်ဆိုပါကယန်ရိုမင်က ထိပ်ဆုံးမှာရှိနေခဲ့တယ်။
ဒါပေမယ့် ဘာလို့လဲ?၊အချိန်အတော်ကြာလူတိုင်းသိနေခဲ့ကြတာက ယန်ရိုမင့်ဘေးမှာ ယွမ်ချီအန်း ရှိနေတယ်ဆိုတာကိုဘဲ။အကယ်၍များယွမ်ချီအန်းမရှိခဲ့ဘူးဆိုရင်တောင် ယန်ရိုမင်နဲ့ အိပ်ဖို့ အခွင့်အရေး
ဘယ်တော့မှမရှိနိုင်ဘူးဆိုတာကို သူအသေအချာကြီးသိနေခဲ့လို့ဘဲ။ယန်ရိုမင်ဆိုတဲ့သူက တကယ့်နတ်ဘုရားတပါးလေ။
လူအများမှာမရှိနိုင်တဲ့ ချောမောမှုတွေ၊ချိုသာတဲ့အသံ ၊တောင့်ဖြောင့်တဲ့ ခန္ဓာကိုယ်၊မြင့်မားတဲ့ဘွဲ့ဒီကရီတွေ၊ခြေလက်အဆင်းအဂ်ါလှပ ပျိုမျစ်မှု ၊အေးစက်နေရင်တောင်ရေခဲပန်းပုရုပ်အလား လှပလွန်းတဲ့ မျက်နှာအသွင်အပြင်နဲ့ သူ့အပြုံးကိုသာတကြိမ်မြင်ရရုံနဲ့ တသက်မမေ့နိုင်တဲ့ ပြည့်စုံမှု ၊အဲ့ဒီအပြင်
အာရှနိုင်ငံများအထိပါကျော်ကြားတဲ့
အကယ်ဒမီများစွာရရှိထားတဲ့ မင်းသား
တလက် မို့ ကျားမ သန်းပေါင်းများစွာရဲ့ အိပ်မက်နတ်ဘုရား တပါး ဖြစ်နေခဲ့ပြီး ထို့အတူ မကုန်မခမ်းနိုင်တဲ့ စည်းစိမ်တွေနဲ့ ထိုသူက သက်ရှိ နတ်တပါးလို့ သူခိုင်းနှိုင်ရင်
မလွန်လောက်ဘူးမလား။ရှရှင်းချန်နဲ့ မဖြစ်နိုင်ဘူးဟု သူ့စိတ်ကိုသူ လှည့်စားနေသော်လည်း လှည့်စားမှုကအချည်းနှီးသာ။

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Onde histórias criam vida. Descubra agora