EP120(U+Z)

2.8K 338 17
                                    

....

Uni

EP120 ကလူ၏သို့မြူ၏သို့ (U)

နောက်တနေ့ ရိုက်ကူးမည့်အခန်း ....
စတူဒီယိုတွင်း၌ ဆက်တင်ခင်းကျင်းထားသည့် ဆွန်းယောင်ရဲ့ငှားရမ်းထားသောတိုက်ခန်းရှိ ဟန်ပေါ်ဟန့်ရဲ့ အခန်း ဖြစ်သည်။

ဟန်ပေါ်ဟန့်ပြီးခဲ့သည့်ရက်က အခင်းဖြစ်ရာနေရာသို့ လာရောက်ခဲ့သည့်အချိန်နှင့်မတူဘဲ
ဆွန်းယောင်လွတ်မြောက်ပြီးသည့်နောက်မှထပ်လာခြင်းဖြစ်သည်။ဒီတကြိမ် ဟန်ပေါ်ဟန့်လာရသည့် အကြောင်းက လမ်းပေါ်တွင်ကြုံတွေ့ခဲ့ရသည့် အကြောင်းအရာတစ်ခုကြောင့်ပင်ဖြစ်သည်။

ဒီနေ့က ရက်သတ္တပတ်အဆုံးတနဂ်နွေနေ့ ဖြစ်သည်။ဟန်ပေါ်ဟန့် တစ်ယောက်တည်း
မြို့ထဲသို့ကားမောင်းလာခဲ့သည်။နေရောင်က တခဏ၌ ထွန်းလင်းတောက်ပနေရာမှ သူနောက်တလမ်းဖက်သို့ လှည့်လိုက်ချိန် ရုတ်ချည်းပင် မိုးမှောင်ကျလာခဲ့သည်။

ဟန်ပေါ်ဟန် က ပဲစေ့လေးများအရွယ် မိုးစက်လေးများသူ့ကားရဲ့ အရှေ့ လေကာမှန်ပေါ်သို့ ကျလာသည်ကိုတွေ့ လိုက်ရပြီးတပေါက်ပေါက်ဖြင့်ပင် မိုးသည်းလာသည်မို့ မိုးပေါက် သံများကိုပင်သူကြားနေရသည်။
ကားရှေ့မှ အလိုအလျောက်လေကာမှန်ရဲ့ ဝိုက်ဘာများက ဟိုဖက်သည်ဖက် ရွေ့လျားနေကြပြီး မှန်ပေါ်ရှိရေစက်များအား ဖယ်ထုတ်ကာမှန်ရဲ့ အနားစွန်းဆီသို့ တလျှောက် စီးဆင်းသွားစေခဲ့သည်။

မိုးက သည်းသည်းမဲမဲကို ရွာနေချေသည်။
လမ်းပေါ်ရှိလမ်းသွားလမ်းလာများကလမ်းဘေးနှစ်ဖက်ဆီမှ အမိုးအကာရှိရာများဆီသို့ အလျင်အမြန်ပင်ပြေးဝင်နေကြသည်။မိုးကိုသာ မျှော်ကြည့်ရင် မိုးတတ်သွားရန်ကိုသာဆုတောင်းနေလျက်ရှိနေကြသည်။

အဲဒီအချိန်မှာ ဟန်ပေါ်ဟန့် ဆွန်းယောင်အား မြင်လိုက်ရသည်။

ဆွန်းယောင်က နေဗီပြာရောင် လက်ရှည်အကျီနဲ့ အနက်ရောင်ဂျင်းဘောင်းဘီအားတွဲဖက်ဝတ်ဆင်ထားသည်။ပထမတွင်
သူက လမ်းဘေးရှိမိုးခိုနေသည့်လူအုပ်ထဲတွင်ရှိနေသည်။သို့သော် ကာရံ မရှိ အကြောင်းပြချက်မရှိဘဲ ရုတ်တရက်ပင် မိုးသည်းထန်စွာရွာသွန်းနေသောလမ်းတလျှောက်ကိုပြေးထွက်သွားခဲ့သည်။ချက်ခြင်းပင် သူ့ ခန္ဓာကိုယ်တစ်ခုလုံး သည်းထန်စွာရွာသွန်းနေသော မိုးစက်မိုးပေါက်များအောက် ရွဲရွဲစိုသွားခဲ့ရသည်။

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Tempat cerita menjadi hidup. Temukan sekarang