EP123(U+Z)

3K 386 23
                                    

....

Uni

EP123 အပေါင်းအသင်းများဆုံကြစဥ်(U)

ဖျော်ဖြေရေးလုပ်ငန်းမှာလူဆယ်ယောက်ရှိပါက ချန်းဟိုင်လန်ကအနည်းဆုံး ၉ဦးကိုတော့ သိသည် ။ထို ၉ယောက်တွင် သူနဲ့သိကျွမ်းရင်းနှီးသူက ခုနှစ်ဦးခန့်ရှိသည်။

ချန်းဟိုင်လန်သူ့ရဲ့မဂ်လာဆောင်အားကျွန်းတစ်ကျွန်းပေါ်တွင် ကျင်းပခဲ့စဥ်ကတချို့အလုပ်တွေကြောင့်၊အခြားသောအစီအစဥ်များကြောင့်  သို့မဟုတ် ခရီးသွားရသည်အားအဆင်မပြေမှုများကြောင့်...လူအတော်များများထိုနေရာကိုသွားရန်မတတ်နိုင်ဘဲရှိခဲ့ကြသည်။ဒီတခါမှာတော့သူကသူ့ကလေးရဲ့မွေးနေ့ပွဲအားပေကျင်းမှာသာကျင်းပလိုက်သည်။ဒီပွဲရဲ့အတိုင်းအတာအရသူ့ရဲ့မဂ်လာပွဲရဲ့အစီအစဥ်လောက်တော့အကျယ်မချဲ့တော့ဘူးသာဖြစ်သည်။

ရှရှင်းချန်ရဲ့ဖိတ်စာကရှရှင်းချန်ဆီသို့သူတစ်ဦးတည်းနာမည်ဖြင့်သာပေးပို့ခဲ့ခြင်းဖြစ်သည်။ထို့ကြောင့်ယန်ရိုမင်နှင့်အတူသွားရန်အကြောင်းပြချက်မရှိဘူးပင်ဖြစ်သည်။
သို့သော်သူတို့ကတဖွဲ့ထဲသားတွေမို့
ဟယ်ကျန်းကသူတိူ့နဲ့အတူစက်အဖွဲ့လုပ်ဖော်ကိုင်ဖက်များပါအတူသွားကြမည်ဖြစ်သည်။

ဟယ်ကျန်းကဟိုတယ်ရဲ့ကြိုဆိုဧရိယာ၌ချန်းဟိုင်လန်နဲ့တွေ့ဆုံစဥ်မွေးနေ့ဖိတ်စာလေးအားကိုင်လျက် သူကပြောလိုက်သည်။

!ငါတို့ရဲ့သရုပ်ဆောင်တွေနဲ့အဖွဲ့သားတွေအားလုံးမင်းကိုဂုဏ်ပြုပါတယ် !

ချန်းဟိုင်လန်ကသဘောကျနှစ်ခြိုက်မှုဖြင့်
အားရပါးရရယ်မောသံများပင်ထွက်လာခဲ့ရင်းဟယ်ကျန်းအားပြောလာသည်။

!မင်းရဲ့အဖွဲ့သားတွေထဲကမင်းကိုတော့
ဖိတ်ရတာအခက်ဆုံးဘဲ !

ထို့နောက်ချန်းဟိုင်လန်ကယန်ရိုမင်နှင့်ရှရှင်းချန်တိူ့အားနှုတ်ဆက်လာသည်။သူကယန်ရိုမင်ကိုဖက်လိုက်ပြီးလွှတ်လိုက်တာနဲ့ရှရှင်းချန်အား မျက်နှာချင်းဆိုင်လိုက်သည်။အဓိပ္ပါယ်အပြည့်အဝပါသောအသံဖြင့် မေးလာသည်။

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Where stories live. Discover now