EP27(U+Z)

3.1K 482 1
                                    

..Ep27 သူထပ်၍ ရှုံးပြန်ပြီ (U)

မာမားဖန်သည် ပြင်းထန်သော အူအတက်ရောင်ရောဂါခံစားခဲ့ရသည်။တကယ်တမ်း
အရင်က ခဏခဏပင် နာကျင်မှုဝေဒနာကို
ခံစားခဲ့ရပေမယ့် လေးလေးနက်နက်သိပ်မရှိဟူ တွေးကာ ဖန်ကျင့်ယွမ်အား မပြောခဲ့ခြင်းဖြစ်ပြီး ဆေးရုံတွင်ဆေးစစ်ခြင်းကိုလည်းမလုပ်ခဲ့။ထိုညတွင် အလွန်ပင်နာကျင်လာသောကြောင့် အိပ်မပျော်ဘဲရှိနေခဲ့ရင်းမှ ပိုမိုဆိုးဝါးလာသည်မို့ ဖန်ကျင့်ယွမ်အားနောက်ဖက်အခန်းမှ အော်ခေါ်ခဲ့ခြင်းဖြစ်သည်။

ဖန်ကျင့်ယွမ်သည် အမြန်အဆန်ပင်သူ့အမေရဲ့အိပ်ရာဘေးတွင်ဒူးထောက်ချလိုက်သည်။
သူ့အမေရဲ့ ဆံပင်များသည်ချွေးများဖြင့်ရွှဲနစ်နေသည်ကိုတွေ့လိုက်ရသည်။သူမသည် အလွန်ပင်နာကျင်နေဟန်ရှိနေသည်မို့
ချက်ခြင်းဘဲ

!မားကို ကျွန်တော်အခု ဆေးရုံခေါ်သွားပေးမယ်နော်!

ဟု ပြောကာ သူ့အမေအားတွဲပွေ့လိုက်သည်။

ဒေသတွင်းဆေးရုံငယ်သည် သူတို့နေရာနှင့်
မနီးမဝေးတွင်ရှိလေသည်။ လမ်းလျှောက်သွားပါက 10မိနစ်လောက်သာကြာနိုင်သော်လည်း ယခုလက်ရှိအနေအထားက
အဆင်မပြေသည်လည်းရှိနေသည်။
အနီးအနားဘေးပတ်လည်တွင် အငှားယဥ်များလည်းမရှိသည်မို့ ယခုချိန်၌ တက္ကစီငှား
မရနိုင်မှာကိုလည်းသူစိုးရိမ်နေခဲ့မိသည်။

ဖန်ကျင့်ယွမ်သည် သူ့အမေအား အိပ်ရာပေါ်မှ ထထိုင်စေလျက် သူ့အားတွဲကာ မတ်တပ်ရပ်စေဖို့ကြိုးစားလိုက်ပြီးပြောလိုက်သည်

!မတ်တပ်ရပ်မား ကျွန်တော်ဆေးရုံကို
ခေါ်သွားမယ် !

ထိုအချိန်တွင် ယွီဟိုင်ရန်က တံခါးခေါက်ပြီးနောက် ဝင်လာကာပြောလာသည်။

!ကိုယ် လုပ်မယ် !

ဇာတ်ညွန်းအရ ထိုညတွင် ယွီဟိုင်ရန်သည်
မာမားဖန်အား ကျောပိုးကာ ဆေးရုံသို့ ပြေးသွားခဲ့သည်။ ဖန်ကျင့်ယွမ်အားအရေးပေါ်ဌာနတွင် စာရင်းသွင်းစေလျက်အနည်းငယ် စစ်ဆေးမေးမြန်းစေ ကာ မာမားဖန်အား
ခွဲခန်းသို့ ပို့ဆောင်စေသည်။

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Nơi câu chuyện tồn tại. Hãy khám phá bây giờ