EP42(U+Z)

3.2K 452 7
                                    

..

Ep 42 အရင်းနှီးဆုံးသူနှင့်နောက်တစ်ခေါက်

လမ်းဘေးဆိုင်၏ထောင့်နေရာ စားပွဲလေးတစ်လုံးသည် နေရာလွတ်နေဆဲဖြစ်ပြီး
ထိုခုံလေးက လမ်းမီးရောင်နှင့်ပါအနည်းငယ်ဝေးသောကြောင့် အလင်းရောင်နည်းလျက်
အနည်းငယ်မှောင်နေကာဘယ်သူမှလာမထိုင်ကြဘဲ ကျန်နေပုံရသည်။

သို့သော် ၎င်းနေရာလေးက ရှရှင်းချန် နှင့် ယန်ရိုမင်တို့အတွက် အကောင်းဆုံးနေရာလေးပင်ဖြစ်နေခဲ့သည်။

စားပွဲနှင့်ထိုင်ခုံက အတော်ပင်နိမ့်လွန်းလျက်ရှိနေသည်။ ရှရှင်းချန်က အနည်းငယ်အဆင်ပြေပေမယ့် ယန်ရိုမင့်လို အရပ် 190
ဆင်တီ ရှိသော သူအတွက် ယန်ရိုမင်ရဲ့ ရှည်လျားလွန်းသော ခြေတံရှည်များက
အတော်ပင် ကသိကအောက်ဖြစ်နေမည်ဟု
သူခံစားနေခဲ့ရသည်။တကယ်တမ်း
သူလည်း အဆင်မပြေခဲ့ပေမယ့်
ယန်ရိုမင်ကတော့ ထိုင်ခုံအတွက် စိတ်ထဲမထားပုံရနေသည်။သူ့ရှေ့ရှိ စားပွဲခုံအား
တစ်ရှူးဖြင့် သုတ်နေရင်း မေးလာသည်။

!ရှင်းချန် ဘာစားချင်လဲ !

ရှရှင်းချန်လည်း အမြန်အဆန်သူ့ရှေ့တရှူးဘူးထဲမှ နှစ်ရွက်လောက်ယူရင်း စားပွဲခုံအား
ကူသုတ်ပေးလိူက်ရင်း ပြောလိုက်သည်။

!ကျွန်တော် သုတ်ထားလိုက်မယ် !

ယန်ရိုမင်က ပြုံးလျက်လုပ်မြဲအတိုင်း
လုပ်နေဆဲ။ထို့နောက် ရှရှင်းချန် မေးလိုက်သည်။

!ဟိုလေ ဝက်ခြေထောက် အပြင်
တခြားဘာစားလို့ရသေးလဲ !

ယန်ရိုမင်က ပြောသည်။

!ကိုယ်မှတ်မိသလောက် ကြက်ဥ ခေါက်ဆွဲ ကြော်လည်း ရတယ်ထင်တယ် !

ရှရှင်းချန် နည်းနည်းလေးစိတ်ပျက်သွားမိသည်။

ယန်ရိုမင်က သံပျော့လေးဖြင့် မေးလာသည်။

!ဘာဖြစ်လို့လဲ !

ရှရှင်းချန် အသံတိုးတိုးလေးဖြင့်
ပြောလိုက်သည်။

!ကျွန်တော်စားလဲ စားချင်တယ်။
ဒါပေမယ့် အစားအသောက် ထိန်းပြီး
စားနေရတော့ အဆင်မပြေမှာလဲစိုးတယ်!

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Nơi câu chuyện tồn tại. Hãy khám phá bây giờ