EP128(U+Z)

3K 379 40
                                    

...

Uni

EP128 လင်ကျားယွဲ့နှင့် အချေအတင်(U)

သူတို့ကသူတို့ရုပ်ရှင်အဖွဲ့သားတွေနေတဲ့ဟိုတယ်မှာဘဲ ညစာစားရင်းတွေ့ဆုံစကားပြောကြဖို့စီစဥ်ခဲ့ကြတယ်။

ချန်းဟိုင်လန်နဲ့ရမ့်ကျင်းယွမ်ကနောက်ဆုံးလေယာဥ်ဖြင့်ပြန်လာခဲ့ကြဖို့ဆုံးဖြတ်လိုက်ကြသည်။သူတိူ့ရောက်ရှိချိန်ယန်ရိုမင်အားဖုန်းထပ်ခေါ်ချိန်ကညကိုးနာရီနီးပါးပင်ရှိနေပြီဖြစ်သည်။

ယန်ရိုမင်နှင့်ရှရှင်းချန်တို့ကတတိယထပ်ရှိစားသောက်ဆိုင်သို့ဓာတ်လှေကားဖြင့်အတူဆင်းလာနေခဲ့ကြသည်။သူတို့သီးသန့်ခန်းထဲမဝင်မီယန်ရိုမင်ကဒူဂျင်းဆီမှဖုန်းလက်ခံရရှိခဲ့သည်။သူကဖုန်းဖြေလိုက်ရင်းရှင်းချန်ရဲ့ပခုံးအားပုတ်ကာအထဲသို့အရင်ဝင်ဖို့ပြောလာခဲ့သည်။

သူတို့ရှေ့မှစားပွဲထိုးကတံခါးဖွင့်ပေးလာပြီး
ရှရှင်းချန်အားအဆင့်အတန်းမြင့်တဲ့သီးသန့်ခန်းတစ်ခုဆီသို့ညွှန်ပြလာခဲ့သည်။တံခါးထပ်ဖွင့်လိုက်တဲ့အခါရမ့်ကျင်းယွမ်ကတံခါးရဲ့ အနီးဆုံးတွင်ရှိပြီးမတ်တပ်ရပ်နေသည်။သူက
အခန်းထဲသို့ဝင်လာမည့်သူအားကြိုဆိုရန်ရပ်နေခြင်းဖြစ်သည်။သို့တိုင်ရှရှင်းချန်အား
မြင်လိုက်ရတဲ့အခါသူကခင်မင်ရင်းနှီးသောအပြုံးဖြင့်မပြုံးမီခဏရပ်တန့်သွားရာမှ
ရှင်းချန်အနီးသို့ချဥ်းကပ်ပြီးပြောလာသည်။

!ရှင်းချန် ..လာလေဒီကို !

ရမ့်ကျင်းယွမ်နဲ့ရှရှင်းချန်တို့ရဲ့ဆက်ဆံရေးကအလွန်ရင်းနှီးတဲ့အနေအထားလောက်တော့ရှိသည်။သူတို့သိပ်ပြီးမတွေ့ဖြစ်ကြပေမယ့်
အရမ်းဝေးကွာတာတော့မဟုတ်ဘူး။

ရမ့်ကျင်းယွမ်ဒီညတွေ့ဆုံမှုကိုလာတဲ့ရည်ရွယ်ချက်ကြောင့်ရှရှင်းချန် သူ့စိတ်ထဲမဝံ့မရဲဖြစ်နေခဲ့သည်။ရမ့်ကျင်းယွမ်ရဲ့သူ့အားနှုတ်ဆက်တဲ့အပြုံးကိုမြင်လိုက်ရတဲ့အခါမှ
သူခေါင်းညိတ်ပြပြီး ပြုံးနိုင်လာခဲ့သည်။

သီးသန့်ခန်းထဲတွင်စားပွဲဝိုင်းလေးတစ်ခုရှိနေသည်။ရမ့်ကျင့်ယွမ်အပြင် အခြားသူနှစ်ဦးလည်းရှိနေသည်။တစ်ဦးကချန်းဟိုင်လန်ဖြစ်ပြီးနောက်တစ်ဦးက လင်ကျားယွဲ့ ဖြစ်သည်။

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Onde histórias criam vida. Descubra agora