EP26(U+Z)

3.2K 478 0
                                    

.Ep 26 ငါဘာမှမမှတ်မိဘူး (Z)

ရှရှင်းချန်သည် များစွာအိပ်မောကျသွားခဲ့လေသည်။
ဟွမ်ကျီရှင်းမနက်လင်းချိန် အတင်းနှိုးမှသာ နိုးလာခဲ့ပြီး ညက အိပ်မက်တောင်မမက်နိုင်ဟု ခံစားလိုက်ရသည်။

သူသည် မျက်လုံးများဖွင့်ဖွင့်ချင်းမှာပင်
အခန်းထဲရှိမီးများအား မြင်လိုက်ရသည်နှင့်
တပြိုင်နက် ဟွမ်ကျီရှင်းအား မေးလိုက်သည်။

!မင်းက ဘာလို့ဒီမှာရှိနေရတာလဲ!

ဟွမ်ကျီရှင်းက ပြောသည်။

!ငါ ရှောင်ထန်ဆီက အခန်းသော့ကဒ်ကိုရတာ
ငါမင်းသေသွားမှာ ကြောက်လို့!

ရှရှင်းချန်သည် အရက်နံ့များက စွဲနေလျက်
သက်ပြင်းတစ်ခုကိုချလိုက်သည်။လှဲနေရာမှ
ထထိုင်ပြီးသည်နှင့် သူဝတ်ထားသော
ဝတ်စုံမှ ရှပ်အကျီနှင့်ဘောင်းဘီက ဝတ်ထားတုန်းပင်ရှိနေသည်ကိုတွေ့ရသည်။မနေ့ညက
သူမအိပ်မီ အပေါ်ထပ် ကုတ်အကျီကိုသာချွတ်
လိုက်ခြင်းဖြစ်လေမည်။

ဟွမ်ကျီရှင်းက မေးသည်။

!ယန်ရိုမင် မနေ့ညကမင်းကိုဘာတွေပြောလဲ!

ရှရှင်းချန်သည် သု့မျက်နှာအား လက်ဖြင့်အုပ်ကာ
နာကျင်နေဟန်ဖြင့်

!ငါ ဘာမှ မမှတ်မိတော့ဘူး !

ခဏအကြာသူက ထပ်ပြောလိုက်သည်။

!ငါ မှတ်မိတာကသူငါ့လက်ထဲက
တစ်ခွက်ယူသောက်လိုက်တာဘဲသိတယ် !

ဟွမ်ကျီရှင်းသည် နံရံကိုမှီရင်း
စီးကရက်တစ်လိပ်ကို ထုတ်လိုက်သည်။

!သူ မင်းကို ဘာတွေပြောလဲတော့ ငါမသိဘူး ဒါပေမယ့်
သေချာတာတစ်ခုက မင်းရဲ့ ကိစ္စပြေလည်သွားပြီ
ဆိုတာတော့ ငါရိပ်မိတယ် !

ရှရှင်းချန်ဘာမှမတုံ့ပြန်ဘဲစောင်ကိုမကာအိပ်ရာထဲမှထွက်လိုက်သည်။အကျီနဲ့ ဘောင်းဘီကိုချွတ်ကာ ရေချိုးခန်းဆီသို့သွားလိုက်သည်။

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Donde viven las historias. Descúbrelo ahora