...
Uni
EP 83 ရှရယ်ရဲ့အပြုအမူများ (U)ရှရှင်းချန်က သွားရန်သာ ဆက်တိုက်တွန်းနေသည်။နောက်ဆုံးတွင် ရှရယ် ကားထဲမဝင်ခင် ဆေးလိပ်မီးအား ငြိမ်းသတ်လိုက်ပြီး
VIp ကားပါကင် ဧရိယာဖက်သို့ ကားမောင်းလာခဲ့သည်။သူက ကားမောင်းနေရင်းပင်မကျေမနပ် ငြီးညူနေဆဲ ဖြစ်သည်။
ရှရှင်းချန် သု့ကို မေးလိုက်သည်။
!ပါးနဲ့ မား ဘယ်လိုနေလဲ !
ရှရယ်က ! သူတို့ နေကောင်းတယ် !
ရှရှင်းချန် ထပ်မေးလိုက်တယ်။
!မရီးကော နေကောင်းလား ?၊
သူကော အားလပ်ရက် ရပြီပေါ့ !ရှရယ် ပြောလာတယ်။
!ဘယ်ကသာ အားလပ်ရက်ရမလဲ ၊ဒီနှစ်ရဲ့ နောက်ဆုံးနေ့ နှစ်ရက်လောက်ဘဲ အားမှာ ၊
ငါက သူ့ကို အလုပ်ထွက်ပြီး အိမ်မှာဘဲ ကလေးတွေနဲ့ အတူ ပါးနဲ့ မားကို
စောင့်ရှောက် ပြုစုပြီး နေပါဆိုတာကို
သူက ငါ့စကားနားမထောင်ဘူး !ရှရှင်းချန် ရယ်မောလိုက်တယ်။
!ကော ကျွန်တော့်ရှေ့မှာ မရီး အကြောင်းပြောနေတာတော့ ဘာမှမဖြစ်ဘူး၊
မရီး ကြားအောင်တော့ သွားမပြောနဲ့ ၊
တော်ကြာ မရီး ကောကို ရိုက်နေမှာစိုးလို့ !!သူကဘဲ ငါ့ကို ရိုက်မှာ လား ၊
ငါကဘဲ သူ့ကို ရိုက်မှာလား
မင်း စောင့်ကြည့် !ရှရယ်က လှောင်ပြောင်ကာ မယုံကြည်စွာ ပြောလာတယ်။
VIP ကားပါကင်က သေးငယ်ပြီး သူတို့ ဝင်ပေါက်ကို ရောက်တဲ့အခါ ရှရှင်းချန်
တစ်စုံတစ်ယောက်အား လေဆိပ်ထွက်ပေါက်နား အကွာအဝေး တစ်နေရာမှာ ရပ်နေတာကို တွေ့လိုက်ရတယ်။သူက ချက်ခြင်းဘဲ ပြောလိုက်တယ်။
!သူ ထွက်လာပြီ ၊အမြန် သွားမယ် !
أنت تقرأ
ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)
عاطفية.Love Story At Starry Night (明日星程))MM Translation. Oringinal Author 金刚圈 COO ...135Chapters +15Extras+2 NewExtra Public by Chang Pei Publish date 2018 Eng Translator. ....littlemonster Start Date 17.1.2021 End Date 2.6.2021 This story is not mine. T...