EP41(U+Z)

3.3K 451 3
                                    

..Ep 41မင်ကောကျွန်တော်ခွေးမကြောက်ဘူး

နောက်ဆက်တွဲရိုက်ကူးမှုက အထစ်အငေါ့မရှိ ပြီးစီးသွားခဲ့သည်။

ဟယ်ကျန်းအတွက် အများကြီးလိုအပ်ချက်သည်လည်းရှိမနေခဲ့။စကားပြောမလိုအပ်ခြင်းနှင့် အနီးကပ်ရိုက်ချက် များမှလွဲပြီး
သူတိူ့နှစ်ဦးအား စိတ်တိုင်းကျ လွတ်လပ်စွာ
သရုပ်ဆောင်ခိုင်းလိုက်ခြင်းသာဖြစ်သည်။

အခြေခံအားဖြင့်ဇာတ်ညွှန်းအတိုင်းသည်လည်း လိုအပ်မနေခဲ့။ဘယ်အချိန် ဘယ်နေရာမဆို ဇာတ်လမ်းသဘောအရ
ရှရှင်းချန်၏မျက်လုံးအကြည့်များက
ယန်ရိုမင့်ထံ၌သာ အမြဲလိုကျရောက်နေမည်မှာလဲ အမှန်ပင်ဖြစ်သည်။ယန်ရိုမင် စကားပြောသောအခါ သူသည် ယန်ရိုမင့်အား
ငေးကြည့်နေရင်း အလေးအနက်စိတ်ပါလက်ပါ ပြုံးနေလျက် နားထောင်ပေးနေခဲ့သည်။
သို့သော် ယန်ရိုမင်၏မျက်လုံးများက
သူ့ကို ကြည့်လာသောအခါ ရှရှင်းချန်က
အနည်းငယ်ခေါင်းငုံ့သွားလျက် မသိမသာ
ဂနာမငြိမဖြစ်နေပုံလည်း ပေါ်နေခဲ့သည်။

ဟယ်ကျန်း က မော်နီတာနောက်ရှိ ခုံအသေးလေးတွင်ထိုင်ကာနှုတ်ခမ်းတဝက်မျှ လက်ချောင်းဖြင့် အုပ်ကာ လက်ဖြင့် မေးရိုးအား ထောက်ကိုင်လျက် တွေးနေမိခဲ့သည်။
ရှရှင်းချန်က ဇာတ်ကောင်အတွက် ခံစားသက်ဝင်မှုအား ကောင်းစွာထိန်းချုပ်နိုင်သူ
ဖြစ်လာခဲ့သော်လည်း ယန်ရိုမင် ကကော
ယခုအနေအထားမှာမူဇာတ်ကောင်စရိုက်အတွက် ချီးကျူးရမည်လား၊သို့တည်းမဟုတ် ဘာပြောရမှန်းမသိဖြစ်နေလျက် အနည်းငယ်လဲရှုပ်ထွေးမှုများ ရှိနေခဲ့ရသည်။

ရိုက်ကူးရေးပြီးချိန်၌ ဟယ်ကျန်းက လက်နှစ်ဖက် စလုံးမြှောက်လိုက်ပြီး လက်ခုပ်တီးကာ
ချီးကျူးပေးလိုက်သည်။

တနေ့တာရိုက်ကူးရေးပြီးဆုံးပြီးသည့်နောက်
သရုပ်ဆောင်နှင့် စက်အဖွဲ့သားများသည်
ညဖက်အနားယူရန်ဟိုတယ်သို့ ပြန်လာခဲ့ကြသည်။

ရှရှင်းချန် စောစောရေချိုးပြီး အိပ်ရာဘေးသို့သွားကာ diffuserလေးအား ဖွင့်ထားလိုက်သည်။အခန်းတွင်းရှိ လေထုလေးမှာမူ ဆွတ်ပျံ့ဖွယ်ရာ လာဗင်ဒါ နံ့သင်းပျံ့နေလျက်
ရှိနေခဲ့သည်။

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Место, где живут истории. Откройте их для себя