EP56(U+Z)

3.6K 487 11
                                    

Uni
EP 56 တလွဲများဖြင့် သူနဲ့ ကျွန်တော်  (U)

ရှရှင်းချန် ယန်ရိုမင့် အား အမှောင်ထဲတွင်
ကြည့်နေခဲ့သည်။ယန်ရိုမင့်မျက်နှာ အနေအထားအား သူမြင်ချင်သော်လည်း
သူဘာမှပင်မမြင်နိုင်လျက်ရှိနေခဲ့သည်။

ယန်ရိုမင်  ရုတ်တရက် တိတ်ဆိတ်နေရာမှာ
ရှရှင်းချန်အနားသို့ ပိုတိုးသွားလိုက်သည်။
ယန်ရိုမင့်လက်များက ရှရှင်းချန်၏
ဖြူဖွေးနေသော ညှပ်ရိုးများဆီ ဦးတည်လာခဲ့သည်။သူ့ရင်ဘတ် ပေါ်၌ ပွင့်ဟ နေသော
bathrobe၏အနားစောင်းများကို ဆွဲဆုပ်လိုက်ပြီး သူ့လက်ချောင်းများဖြင့် ဆွဲယူလိုက်သည်။

ရှရှင်းချန် ရုတ်တရက်မို့ လန့်သွားလျက်
လှုပ်တောင်မလှုပ်ဝံ့။

ယန်ရိုမင့်၏လက်ချောင်းများက ရပ်တန့်ခြင်းမရှိဘဲ အဝတ်၏အလည် ခွဲကြောင်းအနားစအား ရှရှင်းချန် ဗိုက်နားထိ ရောက်အောင် ဆွဲလျက် အလည်ဘက်သိူ့ နှစ်ဖက်စုလိုက်သည်။ပြီးနောက် အနားစနှစ်ခုအား ပူးထပ်ကာ သူ့ ဗိုက်နားထိ လက်များက ဆင်းသွားလျက် ခါးစည်းကြိုးအား ပူးချည်ပေးလာသည်။
(TN အယ် ငါရယ်သေပြီ
မင်ကောက ဘေဘီကို အကျီ ပြင်ဝတ်ပေးတာပါရှင့် ယူတိူ့မျှော်တဲ့ဟာက လိုပါသေးတယ် နော် 60ကျော်မှပါ ဒန့်ဒန့်ဒန် က ဟီး 😁)

ရှရှင်းချန်၏ယခုနကပင် သတိမထားမိဘဲ
ပွင့်ဟနေသည့်  လှပသော ညှပ်ရိုးအစုံနှင့် ချယ်ရီပွင့်စုံဖြင့် ရင်ဘတ်တို့က အကျီဖြင့်
ထူထပ်စွာ ဖုံးကွယ်သွားပြီးနောက် စောင်အား
ရှရှင်းချန် ရင်ဘတ်နားထိ ဆွဲတင်ဖိထားပေးလာရင်း ယန်ရိုမင်က ပြောလာသည်။

!အိပ်တော့ ကလေး (sleep baby )!

ရှရှင်းချန် ပူနေသည်မို့ ခုလို တင်းတင်းကြပ်ကြပ်ကြီး မနေတတ်ဘဲ ရှိနေသည်။
သူ့ ရင်ဘတ်များသည် နီရဲလျက် တုန်လှုပ်သလိုလဲရှိနေသည်။သူ စောင်ကို ဆွဲချရန် လက်ကို မြှောက်ပြီးမှ ပြန်ချလိုက်သည်။
သူနှလုံသားထဲက မရှင်းလင်းသောကြောင့်
မေးထားသည်ကိုလည်း ပြန်မဖြေသေးသည်မို့ ထို ကိစ္စ၏အဖြေအား သိချင်နေသေးလျက် သူ ခေါ်လိုက်သည်။

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Dove le storie prendono vita. Scoprilo ora