ေက်းဇူးတင္လႊာ(U+Z)ကျေးဇူးတင်လွှာ

784 91 3
                                    

...

Uni

Love Story At Starry Night ဆိုတဲ့
ချိုမြိန်တဲ့ခရီးလေးတစ်ခုတော့ ဒီနေ့မှာဘဲ
ပြီးဆုံးသွားခဲ့ရပါပြီ။

ရှောင်ဟွားဒီ Novelလေးကို
17.1.2021 မှာ စပြီးဘာသာပြန်ခဲ့ပြီး
ဒီနေ့ 2.6.2021 မှာ ပြီးဆုံးခဲ့ပါတယ်။
အစအဆုံး အပိုင်း 150ကို အချိန်ကာလအားဖြင့် 4လခွဲကာအောင်အချိန်ယူခဲ့ရတယ်၊

ဒါလေးကိုစပြီး Publishလုပ်စဥ်ကစသိပ်ပြီး
ဖတ်မယ့်သူတောင်မရှိကြဘူး ။နောက်ပိုင်းမှ
မင်ကောနဲ့ရှရှလေးကိုသိလာကြတယ်။
စသိစဥ်ကတည်းက voteတွေပေး၊commentsလေးတွေရေးပြီး ပျော်ပျော်ရွှင် ရွှင်ရှောင်ဟွားနဲ့အတူ အဖော်ပြုပြီး ခရီးရှည်လေးတစ်ခုကိုလိုက်လာပေးကြလို့ဒါဒါလေးတွေကို ကျေးဇူးတင်မိပါတယ်။ရှောင်ဟွားကစာရေးတာကို ဝါသနာပါတဲ့သာမန်ဝါသနာရှင်တစ်ယောက်ပါ ၊ဖတ်ရတာတွေအဆင်မပြေခဲ့ရင်လည်း တောင်းပန်ပါရစေ၊အမှားအယွင်းတွေရှိခဲ့ရင်လည်း ခွင့်လွှတ်ပေးကြလို့ဒါဒါလေးတွေကို ကျေးဇူးတင်မိပါတယ်၊ရှောင်ဟွားရဲ့ ကျွမ်းကျင်မှုမရှိလိုအပ်နေတဲ့စာအရေးအသားတွေကိုအားပေးပြီးခရီးဆုံးထိလိုက်ပေးခဲ့ကြလို့တကယ်ကျေးဇူးတင်ရပါတယ်။

Novelလေးရဲ့ theme songလေးကို လဲ သဘောကျပေးကြလို့ကျေးဇူးတင်ပါတယ်။
သူငယ်ချင်းအချင်းချင်းညွှန်ပေးကြတယ်၊
RL Name လှလှလေးတွေနဲ့ အမှတ်တရ
ထားပေးကြလို့လဲပိုချစ်မိပါတယ်။

ဒီNovelလေးကနေ ရှောင်ဟွားအတွက်အမတွေ ၊သူငယ်ချင်းတွေ ၊အသိမိတ်ဆွေတွေလည်း အများကြီးရခဲ့ပြီး တကယ်လဲပျော်ခဲ့ရတယ်၊ခုစာကို ရေးနေရင်းနဲ့ မင်ကောနဲ့ရှရှကို
ခွဲရတော့မယ်ဆိုတဲ့စိတ်နဲ့ ဝမ်းနည်းမိတယ်။
ရှောင်ဟွားလိုဘဲ ကိုယ့်မမတွေ ၊သူငယ်ချင်းတွေ၊မေ့မေ့လေးတွေလဲ ခံစားမိမယ်လို့ထင်ပါတယ်၊အထပ်ထပ်အခါခါလေးတွေပြန်ဖတ်ပြီး  ကြယ်လေးတွေနှိပ်ပေးကြလို့တကယ်လဲ ကျေးဇူးတင်ပါတယ်။

မင်ကောနဲ့ရှရှလေးတို့ ကို ခွဲရပေမယ့်
နောက်မှာကျန်နေသေးတဲ့ ရှောင်ဟွားရဲ့
ကလေးလေးတွေကို ဆက်ပြီးချစ်ပေးကြပါဦးလို့လဲ တောင်းဆိုပါရစေ၊Wp cbကနေ
စာလေးတွေပို့ပြီး reviewsလေး တွေအတွက်
တကယ်ကျေးဇူးတင်မိပါတယ်၊ silient
readersလေးတွေရှိရင်လဲ ရှောင်ဟွားရဲ့
ဘာသာပြန်လေးကို စိတ်ဝင်တစားနဲ့ဖတ်ပေးလို့ ထပ်လောင်းပြီးကျေးဇူးတင်ပါတယ်။

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Where stories live. Discover now