EP49(U+Z)

3.3K 468 5
                                    

Ep 49 .မင်ကောခင်ဗျားဘယ်ရောက်နေလဲ ?

Gradual Distance အားအလုံးစုံ ရိုက်ကူးပြီးစီးသည့် ညလုပ်သည့်နှုတ်ဆက်ပွဲတွင် ဟယ်ကျန်းနဲ့ ရှရှင်းချန် တို့ ဝိုင်အများအပြား သောက်ခဲ့ကြသည်။ပြီးနောက် ရှရှင်းချန်က
ဟယ်ကျန်း ဆေးလိပ်သောက်သည့် လသာဆောင်သို့လိုက်ပါလာခဲ့သည်။
စားသောက်ဆိုင်ပေါ်ရှိ လသာဆောင်မှာ
အတော်ပင် ကျယ်ဝန်းလှသော်လည်း
သူတိူ့နှစ်ဦးတည်းသာရှိနေခဲ့သည်။

ရှရှင်းချန်က ဟယ်ကျန်းအား မေးလိုက်သည်။

!ဒါရိုက်တာ ဟယ် တခါက ပြောဖူးတယ်လေ အခုရုပ်ရှင်က သူငယ်ချင်းရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံထားတာလို့
ပြောခဲ့ဖူးသလားလို့လေ!

ဟယ်ကျန်းက လက်ရန်းကို မှီလျက်
လက်တစ်ဖက်က စီးကရက်ကိုင်ထားရင်း
လှေကားလက်ရန်းပေါ်တွင်လက်ကိုဆန့်ထားလျက် နူးညံ့သောမျက်ဝန်းများဖြင့် ခပ်ဝေးဝေးသို့ငေးနေလျက်ရှိနေခဲ့သည်။

!ပြီးတော့ !

ရှရှင်းချန် သိချင်နေသော မေးခွန်းအား
မေးဖို့ သင့်မသင့်စဥိးစားနေခဲ့ပြီးမှ

!သူတို့က တကယ့်ကို အဆုံးမှာ အတူတူ
မနေသွားကြရဘူးပေါ့နော် ၊ကျွန်တော်
ဆိုလိုတာကလေ အပြင်က တကယ့်
ဖန်ကျင့်ယွမ် နဲ့ ယွီဟိုင်ရန်ကို ပြောတာ!

ဟယ်ကျန်းက စီးကရက်အား နှုတ်ခမ်းမှာခဲထားလိုက်ရင်း တချက်မျှ စိတ်နှစ်လျက်
ရှိူက်ဖွာလိုက်သည်။ပြီးနောက် လသာဆောင်ရှိ လှေကာလက်ရမ်းအား ပန်းချီဆွဲနေသကဲ့သို့ အေးဆေးစွာ လက်ဖြင့်ဆွဲယူနေလျက် ပြောလာခဲ့သည်။

!အနုပညာဖန်တီးမှုအားလုံးက အကုန် ဖြစ်ရပ်မှန်က အခြေခံလာကြတာဘဲလေ!

ရှရှင်းချန်က မေးလိုက်သည်။

!ကျွန်တော်ဘယ်လိုမေးရမလဲ !

အဲဒီအချိန် ဟယ်ကျန်းက သူ့အား ကြည့်ကာ
သူ့ပခုံးအား ပုတ်လိုက်ပြီး

!အဲဒီ အဖြစ်အပျက်တွေက နှစ်ပေါင်း
အတော်ကို ကြာခဲ့ပါပြီ မမေးနဲ့တော့ !

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Where stories live. Discover now