...
Uni
Song Yanyan's Sanhan ABO Fanfiction
!ငါသမီး ဆီကိုငါ့ကိုခေါ်သွားပေးပါ ,
ငါသူ့ကို တွေ့ပြီးရင် မင်းပြောသလိုဘဲ
ငါ့ဘာသာပြန်သွားပါ့မယ် !ဆွန်းယောင်ကဟန်ပေါ်ဟန့်ကို ကတိပေးလာသည်။ဟန်ပေါ်ဟန့်ကလည်းသူ၏တောင်းဆိုမှုကို လက်ခံခဲ့သည်။
ဆေးရုံဝန်းကျင်တွင်ရဲများက ချောင်းမြောင်းကာ စောင့်ကြပ်နေကြသည်။ဆွန်းယောင်ကနေ့ဖက်အချိန်၌ အလျင်အမြန်ဝင်ဖို့မလွယ်တာမို့ ဟန်ပေါ်ဟန့်က ဆွန်းယောင်အားညဖက်၌ မြို့သို့ပြန်ရန်အတွက်စောင့်ဆိုင်းပေးနေခဲ့သည်။သူတို့ကားက ဆေးရုံဆီသို့ရောက်တဲ့အခါ,၊အတော်ကြီးပင်အချိန်နောက်ကျနေပြီဖြစ်သည်။
ဟန်ပေါ်ဟန့်ကဆေးရုံပရဝဏ်ထဲရှိကားရပ်နားရာနေရာ၌ကားကိုရပ်လိုက်သည်။
ဆွန်းယောင်ကဘေ့စ့်ဘောဦးထုပ်ဆောင်းထားပြီး ဦးထုပ်လျှာကသူ့မျက်နှာရှေ့တဝက်မျှထိတိုင်ဖုံးလွှမ်းစေရန်အောက်သို့လျှောချထားလိုက်သည်။သူတို့နှစ်ယောက်ကားရပ်နားရာနေရာ၌လူခွဲလိုက်ကြပြီးဟန်ပေါ်
ဟန့်က ဓာတ်လှေကားဖြင့်ဆွန်းယောင်၏ သမီးဆွန်းရွှမ်းယန်ဆီသို့တိုက်ရိုက်သွားလိုက်ပြီးဆွန်းယောင်ကတော့ ရိုးရိုးလှေကားမှတက်လာလိုက်သည်။သူကအဖြူရောင် ဆရာဝန်ကုတ် အားဝယ်ယူနိုင်မည့်နည်းလမ်းအားစဥ်းစားမိလိုက်ပြီးမျက်မှန်တစ်လက်ကိုလည်းအထူးပြင်ဆင်လိုက်သည်။သူတို့က ဆွန်းရွမ်းယန်၏အခန်းအနီး၌တစ်စုံတစ်ယောက်တော့ ကျိန်းသေစောင့်ကြပ်နေလိမ့်မည်ဟု ကြိုတင်တွက်ဆမိကြသည်။ထို့ကြောင့်ပင် ဟန်ပေါ်ဟန့်က ထိုနေရာသို့အရင်ဆုံးသွားမည်ဖြစ်သည်။ အကယ်၍ သူက ရဲကိုတွေ့လျှင်သူကအာရုံလွှဲဆွဲဆောင်ကာအဝေးဆီသို့ ခေါ်သွားမည်ဖြစ်ပြီးဆွန်းယောင်အားဆေးရုံခန်းထဲသို့
ဝင်ရောက်ရန်နှင့် သူ့သမီးအားတွေ့ရန် အခွင့်အလမ်းတစ်ခုဖန်တီးရန်အကြံအစည်တစ်ခုအား ကြိုတင်ကြံစည်ထားခဲ့ကြသည်။ကားထဲမှမထွက်ခွာမီဟန်ပေါ်ဟန့်ကဆွန်းယောင်၏ဘယ်ဖက်လက်အားရုတ်တရက်ပင်ဆုပ်ကိုင်လိုက်သည်။
YOU ARE READING
ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)
Romance.Love Story At Starry Night (明日星程))MM Translation. Oringinal Author 金刚圈 COO ...135Chapters +15Extras+2 NewExtra Public by Chang Pei Publish date 2018 Eng Translator. ....littlemonster Start Date 17.1.2021 End Date 2.6.2021 This story is not mine. T...