EP97(U+Z)

4.1K 406 13
                                    

..

Uni
EP97 မင်ကောနဲ့ အတူတူ (U)

ရှရှင်းချန် ပန်းစည်းကြီးနှင့်အတူ ပြန်လာ
သည့်အခါ ယန်ရိုမင် က အကျီများ ဝတ်ဆင်ထားပြီး ဖြစ်ကာအိပ်ရာပေါ်၌ ထိုင်လျက်
ဖုန်းခေါ်နေခဲ့သည်။

ရှရှင်းချန် ဝင်လာသည်အား မြင်သောအခါ
ယန်ရိုမင် က သူ့အားပြုံးပြလာပြီး အခြားတစ်ဖက်မှ သူနှင့် စကားဆက်ပြောလျက်ရှိနေခဲ့သည်။နောက်ဆုံး၌ သူပြောလာသည်။

!ကျွန်တော် အဲဒါက ဘာမှပြသနာမရှိဘူး !

ပြီးနောက် သူဖုန်းချလိုက်တယ်။

ရှရှင်းချန် က ပန်းစည်းအား ဗီရိုပေါ်တင်ထားလိုက်တယ်။

ယန်ရိုမင် သူ့ဖုန်းကို ချလိုက်ပြီးနောက် ခေါင်းမော့လျက်မေးလာသည်။

!ကလေးကို ပန်းတွေ ဘယ်သူပေးသွား
တာလဲ ?!

ရှရှင်းချန် ထိုသူရဲ့ မျက်နှာ အနေအထား ပုံစံအား သိချင်လျက် ပြောလိုက်တယ်။

!ယွမ်ချီအန်း !

ယန်ရိုမင်က လုံးဝပင် ပြောင်းလဲသွားခြင်းရှိမနေခဲ့။သူက ပန်းစည်းအား စိတ်ရှုပ်စွာ ခဏစိုက်ကြည့်ပြီးနောက် ရှရှင်းချန် အား မေးလာတယ်။

!ကလေး ယွမ်ချီအန်းနဲ့ အရမ်းရင်းနှီးတာဘဲ လား ?!

ရှရှင်းချန် ထိုမေးခွန်းကြောင့်အံ့အား သင့်ခဲ့လျက်။

ထို့နောက် ယန်ရိုမင် ဆက်မေးလာတယ်။

!သူ့ ကားထဲမှာ ကလေးကကော
ဆယ်မိနစ်ကျော်ကြာတဲ့အထိ
ဘာတွေ လုပ်နေခဲ့တာလဲ ?!

ရှရှင်းချန် ယန်ရိုမင်ဘေးသို့ ဖြေးညှင်းစွာလျှောက်သွားပြီး ထိုင်လိုက်သည်။

!ကျွန်တော် တို့ စကားပြောတာပါ ၊မင်ကော အကြောင်းသူ့ကို မေးခဲ့တာ !

ယန်ရိုမင် ပြောလာတယ်။

!ကိုယ်နဲ့ ပတ်သက်တဲ့အရာတွေအတွက်  - နောင်ကျ ကလေးကိုယ့်ကို ဘဲ တိုက်ရိုက်
မေး လို့ရတယ် !

ထို စက္ကန့်ပိုင်း လေး၌ ရှရှင်းချန် ယန်ရိုမင်အား ယွမ်ချီအန်းကို ချစ်ခဲ့ပါသလားဟု သူမေးချင်ပါသော်လည်း ထိုစကားလုံးက သူ့လျှာဖျားများပင် ပျောက်ကွယ်သွားခဲ့သည်။
ယန်ရိုမင် ယွမ်ချီအန်းကို ချစ်သည်ဖြစ်စေ ၊မချစ်သည်ဖြစ်စေ ထိုအရာများက အတိတ်က အဖြစ်အပျက်တစ်ခုသာဖြစ်ပြီးသူတို့ရဲ့ အမှတ်တရ များနှင့်သာသက်ဆိုင်သည်။
သူလိုချင်တာက ယန်ရိုမင်ရဲ့ မနက်ဖြန်များသာဖြစ်သည်။

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Where stories live. Discover now