EP37(Z+U)

3K 453 0
                                    

.Ep 37မင်ကော နဲ့ အတူ အိပ်မက်ဆိုး (U)

ရိုက်ကူးမှုပြီးသွားပြီ ဖြစ်သည်။
မီးများသည်လည်း မှေးမှိန် သွားပြီဖြစ်သည်။
သို့သော် ရှရှင်းချန်ကတော့ ထိုနေရာတွင်သာ
မလှုပ်မယှက်ထိုင်နေဆဲပင်ရှိနေသည်။
သူသည် ခေါင်းမော့လျက် မျက်လုံးများကို
ပိတ်ထားသော်လည်း မျက်ရည်များကမူ
အချိန်ကြာအောင် မရပ်စဲသေးဘဲကျဆင်းနေလျက်ရှိနေခဲ့သည်။သူသည်ဇာတ်ကောင်၏စိတ်ခံစားမှုတွင် ခံစားသက်ဝင်နေဆဲ ဖြစ်နေခဲ့ပြီး သု့ကိုယ်သူပင်
ခွဲထုတ်ရန် ခက်ခဲနေခဲ့သည်။

ယန်ရိုမင်လက်မှာ ရှရှင်းချန်ကိုက်လိုက်သောကြောင့်
ဒဏ်ရာရသွားခဲ့သည်။သို့သော်ယန်ရိုမင်သည်
သူ့လက်ပေါ် မှ ဒဏ်ရာအား ဆေးကြောလိုက်ပြီးနောက်
လီယွမ်က အနာအားသန့်စင်ရန် ပေးလာသော
ပဝါပျော့လေးဖြင့် ရေစိုနေသော
သူ့လက်အား အရင်သုတ်လိုက်သည်။
ခေါင်းငုံ့ကာ လက်အား ခြောက်သွေ့အောင်
ဂရုစိုက်စွာသုတ်ပြီးနောက် ပဝါလေးအား
လီယွမ်ဆီ ပြန်ပေးရင်း မေးလိုက်သည်။

!မင်းမှာ wet tissue ရှိသေးလား!

လီယွမ်က ခဏမျှ ကြောင်သွားသည်။ပြီးမှ
သူ့လက်ဆွဲအိတ်ကြီးထဲမှ wet tissue လေး
နှစ်ခုအား ထုတ်ယူပေးလာသည်။

တဖက်တွင် ရှရှင်းချန်ဘေးမှာ ရှောင်ထန်က
ရောက်နေပြီးနှင့်ပြီဖြစ်သည်။ရှောင်ထန်က
wet tissue တစ်ခုနှင့် ရှရှင်းချန်အား
စောင့်နေလျက်ရှိသော်လည်း ရှရှင်းချန်က
တုပ်တုပ်မျှ မလှုပ်ဘဲ ရှိနေသည်။ရှောင်ထန်ကလည်း
ရှရှင်းချန် မျက်နှာအား
မသုတ်ပေးဝံ့လျက် ရှိနေသည်။

ယန်ရိုမင်က ရှရှင်းချန်ကို လှမ်းကြည့်ပြီး
လက်ကို တောင်ဆေးမလိမ်းနိုင်ဘဲ
wet tissueယူကာ ရှရှင်းချန်ဆီ
သွားဖို့ ပြင်လိုက်သည်။ခြေလှမ်း လှမ်းလိုက်ချိန်
ဟယ်ကျန်းက သူ့လက်မောင်းကို လှမ်းဆွဲပြီး မသွားနဲ့
ဆိုသည့်သဘောဖြင့် သူ့အားခေါင်းခါပြလိုက်သည်။

ယန်ရိုမင်က ဟယ်ကျန်းအား ပြန်ကြည့်ရင်း
သူ့အားဆွဲထားသည်မှ ရုန်းထွက်လိုက်ရင်း
ရှရှင်းချန်ဆီ သွားဖို့ ပြင်လိုက်သည်။
ထိုအချိန် ဟယ်ကျန်း က ယန်ရိုမင်အား
အရင် ထက် အား အနည်းငယ်သုံးကာ ထပ်၍
နောက်တကြိမ် ဆွဲခေါ်လိုက်ရင်းပြောလာသည်။

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Where stories live. Discover now