New Extra EP (151.2)(U+Z)

2.1K 266 11
                                    

.."ငါတို့နဲ့လိုက်မလား ? ငါတို့ရဲ့သားအဖြစ်လေ"

တုံတုံက အလန့်တကြားဖြင့် ခေါင်းလေးခါပြီး
ပြောလာတယ်။

"သားက ပါးနဲ့ မားတို့ရဲ့ သားလေ"

ရှရှင်းချန်က သူ့ကို ဆက်ပြီးနောက်ပြောင်နေလိုက်တယ်။

"အိုး...ယန်ရူရူက ကြယ်ပွင့်ကြီးလေ"

တုံတုံကတော့ ခေါင်းလေးခါလျက်
ငြင်းဆန်နေဆဲဘဲ။

"သားမလိုချင်ပါဘူး"

ဖန်းရင်က ကူရှင်ပေါ်မှီကာ နောက်သို့လှည့်ပြီး သူတို့ဆီသို့ ကြည့်လာရင်း တုံတုံမျက်နှာလေးကို လက်လေးဖြင့် ထိကိုင်ကာချီးကျုးလိုက်တယ်။

"သား လိမ္မာလေး"

ဘေးရှိတင်းတင်းက ရုတ်တရက်လက်ကို မြှောက်ပြီးပြောလာတယ်။

"သား...သား !!"

ရှရှင်းချန်က သူ့ကို ကြည့်ပြီး ,

"မင်းရော ဘယ်လိုလဲ ? မင်းလိုက်မှာလား?"

တင်းတင်းက ပြုံးပြီး ခေါင်းညိတ်ပြလာတယ်။

"သားလိုက်နိုင်တယ်...ယန်ရူရူရဲ့သားလုပ်မယ်လေ"

ရှရှင်းချန်ရဲ့ စကမဆုံးသေးခင်မှာဘဲ
ဖန်းရင်က တင်းတင်းရဲ့ မျက်နှာကို ဆွဲယူပြီးညှစ်လိုက်တယ်။

"တင်းတင်း!!"

"အိုး!!"

သူကရှရှင်းချန်ရဲ့ နောက်မှပုန်းလိုက်ပြီး
ငိုမဲ့မဲ့လေး ဖြစ်နေလျက် ပြောလာတယ်၊

" အန်ကယ်လေး ....အခု သွားကြမယ်"

တင်းတင်းရဲ့ ဆံပင်လက်တဆုပ်စာလေးက
ဖန်းရင်ရဲ့လက်ထဲသို့ရောက်သွားတယ်။

"ထိုင်နေ...ရှေ့မှာယာဥ်ထိန်းရဲရှိတယ်"

ဖန်းရင်က တင်းတင်းကို ခုံမှာပြန်ထိုင်ခိုင်းလိုက်တယ်။

ယန်ရိုမင်နဲ့ ရှရှင်းချန်တို့ အဆင်ပြေစေရန်
ဖန်းရင်နဲ့ အခြားသူတွေကပါ ကားပေါ်က
နေမဆင်းတော့ဘဲ လူတွေနဲ့ပျားပန်းခတ်မျှလှုပ်ရှားပြည့်ကြပ်နေတဲ့လမ်းတစ်လျှောက်
လှည့်ပတ်ပြီး ကြည့်လိုက်ကြတယ်။နှစ်သစ်ကူးချိန်မို့ မီးအိမ်လေးများနဲ့ မီးပုံးလေးတွေက လမ်းတစ်ဖက် တချက်၌ စီတန်းကာ ရှိနေလျက် ဘုရားကျောင်းမှာလည်း နံ့သာတိုင်
ထွန်းညှိဆုတောင်းသူတွေများစွာရှိနေတာကိုမြင်တွေ့နေရတယ်၊ဖန်းရင်က လမ်းဘေး
စျေးတန်း သို့ ခဏဆင်းပြီး တင်းတင်းနဲ့
တုံတုံတို့ အတွက်ကျားခေါင်းဦးထုပ်လေး
တွေ ဝယ်ပေးလာတယ်၊ကလေးလေး တွေ
က ရုတ်တရက် ခေါင်းလေးတွေလှုပ်တိုင်း
အရုပ်လေးပါ လှုပ်လာတာမို့ အရမ်း ချစ်ဖို့ ကောင်းတယ်။

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Wo Geschichten leben. Entdecke jetzt