အပိုင်း(၁)

8.5K 191 1
                                    

တောင်ကြီးမြို့တွင် ပန်းတော်ဝင်စံအိမ် ဟူ၍နမည်ဂုဏ်သတင်းနဲ့ကျော်ကြားလှတဲ့ နန်းတော်သဖွယ် တော်ဝင်မျိုးနွယ်တို့ရဲ့..နောက်မျိုးဆက်ဖြစ်လာမဲ့..သခင်လေး..ဟေဝန်သွေး ကို..ဧည့်ခန်းမှာ ထိုင်စောင့်ကြိုနေကြတယ်..ဟေဝန် ဟာ အသက် 10နှစ်ကတည်းက..ယိုးဒယားကိုသွားပီးပညာဆည်းပူးခဲ့ရသည်။..မယ်တော်ကြီး ဆန္ဒ ကြောင့်လဲပါမည်ဟုဆိုရမည်..တောင်ကြီးမြို့တခွင်လုံးဟာ မယ်တော်ကြီးဟူ၍သိထားသော ဒေါ်သဇင်သွေး ရဲ့အာဏာအောက်မှာပဲရှိကြလေတယ်..ဒေါသဇင်သွေးသည့် တော်ဝင်မျိုးနွယ်မှဖြစ်တာကြောင့်..ဂုဏ်သိက္ခာကိုအထူးတန်ဖိုးထားတက်သူတယောက်လဲဖစ်ပီး..မိမိအတွက်ကောင်းကျိုးရှိမယ်ဆို..ဘာမဆိုလုပ်မဲ့သူတယောက်လဲဖစ်တယ်..ဒီနေ့ဟာ..အထူးနေ့ဖြစ်တာကြောင့်အိမ်တော်တွင်..အစေခံများကလဲကိုယ့်အလုပ်ကိုယ်ဆီဖြင့်ရှုပ်ထွေးနေကြသည်..ဧည့်ခန်းဆောင်မှာတော့..မြေးတော်ဖြစ်.သူ..နှင့် သားတော်ဖြစ်သူ ကိုလည်ပင်းတမောမော့ဖြင့်စောင့်ကြိုနေကြလေတယ်..လေဆိပ် ကိုအိမ်တော်ထိန်းကို သာ သွားကြိုစေခိုင်းလိုက်သည် .

- ဒေဝီ..မြေးတော်က ဘာလို့အ့လောက်တောင်ကြာနေရတာလဲကွယ့်..
- မယ်တော်ရယ်..ခနလောက်တော့စောင့်တော်မူပါ..သားတော်တို့ပြန်လာတော်မူနေလောက်ပါပီ.

သိပ်မကြာလိုက်ပါ..အိမ်တော်ရှေ့တွင်ကားသံကြားတာကြောင့်..အပြင်သို့ထွက်လာခဲ့လိုက်ကြသည်။
ကားပေါ်မှ..ဖြေးဖြေးချင်းဆင်းလာတဲ့သူက..အသားအရည်တော်များပြောစရာမလို..နှင်းသဖွယ်ဖြူ ဥလို့တောင်နေသည်မျက်လုံးတော်ကလဲ မျက်ရိပ်တော့မရှိပေမဲ့.. မျက်တောင်တော်များကဆင်းပီးရှည်လျားကာကြည့်ကောင်းနေသရောင်နှာတန်လေးက..ဆင်းပီးလုံးနေလိုက်သေးသည်။..ပန်းရောင်သန်းနေတဲ့နှခမ်းဖူးဖူးလေးတွေဟာ..အပစ်ပြောစရာမလိုလောက်အောင်ပင်..စွဲဆောင်နေသည်။ထိုသူက..တော်ဝင်မျိူးနွယ်ရဲ့နောက်မျိုးဆက်ဖြစ်လာမဲ့
သခလေး..ဟေဝန်သွေး..ဒေါ်သဇင်သွေး ၏မြေးတော်ဖြစ်ပီးဒေဝီသွေးရဲ့ တစ်ဦးတည်းသောသားတော်လဲဖြစ်တယ်..

- ပန်းတော်ဝင်စံအိမ်တော်မှကြိုဆိုပါတယ်..မြေးတော်
- ဟုတ်ကဲ့ မယ်တော်ကြီး
- သားတော်..မယ်မယ် သားတော် ကြိုက်တဲ့ဟင်းတွေချက်ခိုင်းထားတယ်.လာနားလိုက်အုံး..အပေါ်ထပ်မှာမယ်မယ်သားတော်နားဖို့အခန်း စီစဉ်ထားတယ် ရေမိုးချိုးပီးရင် အောက်ထပ်ကိုပြန်ဆင်းလာခဲ့ မယ်တော်ကြီးနဲ့ မယ်မယ်တို့ ထမင်းလက်စုံမစားရတာအတော်ကြာခဲ့ပီ
လေ..
- ဟုတ်တယ်မြေးတော်..နေ့လည်စာ စားဖို့အချိန်တောင်လင့်နေပီ..သွားသွား..ရေမိုးချိုးခဲ့
- ဟုတ်ကဲ့ပါ မယ်တော်ကြီး..ဟုတ်ကဲ့ပါမယ်မယ်..သားတော်..အမြန်ရေချိုးခဲ့ပါ့မယ်...

ပိုင်ဆိုင်ချင်တယ် ဦးး♥Where stories live. Discover now