အပိုင်း(၃)

2.7K 89 0
                                    

ဟေဝန် သတိပြန်ရလာတော့..မနက်ခင်းတောင်ရောက်နေပါပီ..မျက်လုံးကိုဖြေးဖြေးချင်းဖွင့်ကြည့်လိုက်တော့ကုတင်ဘေးတွင်ဝင်ထိုင်နေသောဦးရီးတော်ကိုတွေ့လိုက်တာကြောင့်..လှဲနေရင်းမှထထိုင်မည့်အလုပ်..

- လှဲနေပါ.ဟေဝန်...ဦးရီတော်လဲတူတော်ဟေဝန်
်မကျန်းမာဘူးကြားလို့..လာကြည့်တာ
- ဟုတ်ကဲ့ဦးရီတော်..ကျနော်နဲနဲသက်သာနေပါပီ..ဒါနဲ့ဦးရီတော်တယောက်ထဲလားဟင်..အစ်ကိုတော်မပါဘူးလား
- ဪ ..ဟေဝန်ရဲ့အစ်ကိုက တူတော်နိုးလာရင်သုံးဆောင်ဖို့..မနက်စာသွားယူတယ်..ကဲဦးရီးတော်လဲမယ်တော်ကြီးကိုသွားတွေ့လိုက်အုံးမယ်..
- ဟုတ်ကဲ့

ဦးရီးတော်ဆိုတာ..ဒေါ်သဇင်သွေးရဲ့မွေးစားသား ဦးသက္က
ဒေဝီနဲ့တော့သွေးမတော်သားမဆက်ဆိုပေမဲ့ ဒေဝီကတော့ သက္ကကိုအစ်ကိုရင်းလိုသဖွယ် ဆက်ဆံရှာပါတယ်..ဒေဝီတို့သားအမိက ဦးသက္ကတို့သားအဖ အပေါ်ကောင်းသလောက် ဦးသက္က ရဲ့စိတ်ထဲမှာတော့..မနာလိုဝန်တိုစိတ်တွေ လောဘစိတ်တွေနဲ့သာ..ပြည့်နက်လို့နေပေတယ်..ဦးသက္ကမှာ..သားတယောက်လဲရှိတယ် ဟေဝန်ထက်တော့..5နှစ်လောက်တော့ကြီးသည်..
ဦးရီတော် ထွက်သွားပီးလို့သိပ်မကြာအခန်းထဲသို့..အစ်ကိုတော်ဖြစ်သူ...ရန်ထွဋ်ခေါင် ဝင်လာလေသည်။လက်ထဲတွင်လဲ..လင်ဗန်းတချပ်ဖြင့်..

- အာ..ညီနိုးနေပီးပဲ..ဒီမှာ..အစ်ကို ညီစားဖို့ ခရုစွပ်ပြုပ်လုပ်လာတယ်..လာခနထ

ထွဋ္ဋ်ခေါင် ပြောရင်းနဲ့ ဟေဝန်ကိုထူပေးလိုက်ပီး
နောက်ကကုတင်ကိုမှီစေလိုက်တယ်..

- အစ်ကိုရန်ကိုယ်တိုင်လုပ်လာတာလား..
- အင်းလေ ညီက ခရုစွပ်ပြုပ်ဆို ညှီတာမှမကြိုက်တာ အစေခံကောင်မလေးတွေခိုင်းပြန်ရင်လဲသေချာလုပ်မှာမဟုပ်ဘူး.အ့ကြောင့်အစ်ကို ကိုယ်တိုင်ပြုပ်လာတာ..ဘယ်လိုလဲ..ကောင်းတယ်မလား

ဟေဝန် စွပ်ပြုပ်ကိုတဇွန်းသောက်လိုက်ပီး..ထွဍ္ဍ်ခေါင်ကိုပြုံးပြလိုက်ကာ..

- အရမ်းကောင်းတယ်..ကျနော်ကြိုက်ပါတယ်..
- ညီ..မယ်တော်ကြီးကို ဘာလို့စိတ်ဆိုးအောင်သွားလုပ်ရတာလဲ..မယ်တော်ကြီးအကြောင်းလဲ ညီသိရက်သားနဲ့
- ကျနော်သိပါတယ်..ဒါပေမဲ့ အပြင်ရောက်တုန်းလေး လွတ်လွတ်လပ်လပ်နေချင်သွားလို့..ကျနော်စိတ်အလိုလိုက်မိသွားတာပါ..

ပိုင်ဆိုင်ချင်တယ် ဦးး♥Where stories live. Discover now