အပိုင်း(၂၇)

1.2K 46 0
                                    

ဒီနေ့က..ဟေဝန်ဆေးရုံမှဆင်းမဲ့ရက်
..ဟေဝန်မဆင်းချင်သေးပါ..ဒီဆေးရုံမှာရှိနေတာ သူ့အတွက်လုံခြုံတယ်လို့ ခံစားနေရတယ်..ပီးတော့..ဦးရှိနေတယ်ဆိုတဲ့အတွေးလေးနဲ့ ဒီဆေးရုံမှာ ထပ်ရှိနေချင်သေးတယ်...ဒါပေမဲ့သူ့စိတ်ကူးတွေလက်တွေ့မှာတော့ မဖြစ်ခဲ့ဖူးပေါ့

- သားတော် ညနေကြရင် မယ်မယ်တို့ဆင်းရုံကဆင်းရမယ်..အိမ်တော်မှာပဲနားနားနေနေ တာပဲကောင်းပါတယ့်..ဒီမှာက လူတွေရှုပ်ကရှုပ်နဲ့

ဟေဝန် မယ်မယ်ရဲ့စကားတွေကိုသာ လျစ်လျူရှုရင်း.. ပြတင်းပေါက်ကိုသာ..ကုတင်ပေါ်မှ..ငေးကြည့်နေမိသည်...

- မယ်မယ်..တယောက်ယောက် ကအတိတ်မေ့သွားခဲ့မယ်ဆိုရင်..တယောက်ထဲကိုပဲရွေးပီးမေ့လို့ရလား..ဟင်..

ပြတင်းပေါက်ကိုငေးကြည့်ဆဲမေးလိုက်တယ်
ဒေဝီပြန်မဖြေပဲ..ဟေဝန်ရဲ့စကားကိုသာဆက်နားထောင်နေလိုက်သည်

- ဒါမှမဟုပ် သူမေ့ပစ်ခဲ့တာလား??..ပီးတော့..ပတ်သက်ခဲ့ဖို့အကြောင်းအရာတွေကမေ့ပစ်ဖို့ အဲ့လောက်တောင်လွယ်ကူနေတာလားဟင်..စွန့်ပစ်ဖို့ အရမ်းလွယ်ကူခဲ့တယ်ထင်တယ်..အတိတ်မေ့ခဲ့တာတောင်..တယောက်ထဲသာရွေးမေ့ခဲ့တဲ့သူ..
အဟက်..ရီရတယ်..မင်းနဲ့ငါက အရင်ကရင်းနှီးခဲ့တာလားတဲ့...အဟင်းး..အဲ့စကားကသိပ်ဟာသဆန်နေသလားပဲ..ဘယ်လိုတွေတောင်ပြောထွက်ရက်လိုက်တာလဲ..နော်..

ဟေဝန် နှခမ်းကသာ ပြုံးနေတာ..မျက်ဝန်းထဲမှာတော့..မျက့်ရည်ကြည်လေးတွေထွက်စပြုချင်နေခဲ့ပြီ..
ဒေဝီ သားတော်ကိုကြည့်ရင်းဖြင့်သာ..ကိုယ်လဲဝမ်းနည်းနေမိတယ်...သားတော်စိတ်ဆင်းရဲမှာစိုးလို့သာ..မမေးဖြစ်ခဲ့တာ..ဒါပေမဲ့ ခုလိုသားတော်ခံစားနေရတာ..ကိုမင်း နဲ့တော့သက်ဆိုင်လောက်တယ်..

.......

- ထည်ဝါ အိပ်ပျော်သွားပီလား..

အာကာ အခန်းထဲသို့ဝင်ဝင်လာခြင်းပဲ ဂျိုးဇက်အားမေးလိုက်သည်..

- ဟုတ်..ခုလေးပဲအိပ်ပျော်သွားပီ...daddy ဦးမင်း အတိတ်တွေပြန်သတိရခဲ့ရင်..သူကျနော့လုပ်ရက်တွေကြောင့်..ကျနော့ကိုမုန်းမှာလားဟင်..
ဦးမင်း ဒဏ်ရာတွေကအခုဆိုသက်သာနေပီ..တဖြေးဖြေး ကျနော့လုပ်ရက်တွေကြောင့်..ကြောက်ကြောက်လာမိတယ်..
- သားရယ်..မင်းရဲ့ ဦးမင်းကမင်းကိုခွင့်မလွှတ်ခဲ့ရင်daddyရဲ့လုပ်ရက်တွေကြောင့်လဲ..သူdaddyကိုမုန်းနေမှာ..

ပိုင်ဆိုင်ချင်တယ် ဦးး♥Where stories live. Discover now