အပိုင်း(၄၆)

1.5K 44 0
                                    

📱📱📱

- ဘာတဲ့လဲ..တမ်းလက်မခံဘူးမလား..??

- ဟုတ်တယ် သူလဲ သူ့ယောက္ခမ ကို မျက်နှာ အပျတ်ခံပီး အတော်ပြောရမဲ့ပုံပဲ..

- အဟားးညီ အဲ့အတွက်စိတ်မပူနက် သူသေချာပေါက် ကိုယ်တို့ကို လက်ခံလိမ့်မယ်..

- အစ်ကိုက သေချာလာချည်လား

- သေချာရမှာပေါ့..အစ်ကိုက ဘယ်သူမို့လို့လဲ..

- အဟင်း.. ဒါနဲ့ ဟေဝန်မေးသေးတယ်..

- ဘယ်သူ့ကိုလဲ..

- ဦးမင်းထည်ဝါကိုသူကပြောတယ် ဦးရော နေကောင်းရဲ့လားတဲ့..

တဖက်လူရဲ့ မျက်နှာ အနည်းငယ်ပျတ်သွားဟန်..

- .........

- သြော် အစ်ကို့.. ပိုင်ရောနေကောင်းလား

- အင်း သူကတော့ အမြဲတမ်းအလုပ်တွေရှုပ်နေတာပဲ..မင်းတို့ emil ကနေ ပြောဖြစ်ကြတယ်မလား..

- တပတ်မှ သုံးရက်လောက်ပါ အစ်ကိုရာ..သူကကျနော့ ကိုအနေစိမ်းနေပီလားမသိဘူး..သြော်ဒါနဲ့ ဘယ်တော့ OS ကနေပြန်လာကြမှာလဲ...

- ပြန်လာတော့ သိမှာပေါ့ ဒါပဲ ညီ ကိုယ်အလုပ်ရှိသေးလို့..

📱📱

ဖုန်းချပီးရင်း.. အောင် တွေးနေမိသည်..

" ​အမြန်ပြန်လာတော့ ပိုင်ရယ်..ကိုကို လွမ်းနေပီ.."

.......

- အဲ့ပစ္စည်းတွေကို ဟိုဘက်ဂိုထောင် ကိုရွှေ့မယ် ဖြေးဖြေးသယ်ကြ...

ဟေဝန် သင်္ဘောဆိပ်မှ ကုန်ပစ္စည်းတွေကို သူကိုယ်တိုင် လာစောင့်ကြပ်တာဖြစ်သည်...

- သူရိန် ဟိုဘက်က အလုပ်သမားတွေကို သွားကြည့်ချေ..အထဲက ပစ္စည်းတွေ ကြေလို့မဖြစ်ဘူး..

- ဟုတ်ကဲ့..

...

ဟေဝန် လမ်းလျှောက်ကာ ကြီးကြပ်နေတုန်း
အမှတ်မထင် အဝေးတနေရာကို ကြည့်လိုက်သည်...
ဝေး၍သဲသဲကွဲကွဲမမြင်ရပေမဲ့လို့.. ဟေဝန် ထိုသူကို မျက်တောင်မခက် ကြည့်နေခဲ့တယ်..
ကားတစ်စီးပေါ်က ဆင်းလာပီး..ထိုသူ..တနေရာကိုသွားနေခဲ့သည်..ထိုသူဆိုတာ..
.....
" ဦးလားး...

ပိုင်ဆိုင်ချင်တယ် ဦးး♥Where stories live. Discover now