အပိုင်း(၂၃)

1.3K 48 0
                                    

- ဘယ်လို..ခုဘာတွေပြောနေလဲဆိုတာ ဦးကို ဦးသိရဲ့လား..မနောက်ပါနဲ့ဗျာ..ဒါပျော်စရာမကောင်းဘူး
- ဦးမနောက်ဘူး..ဦးတို့နှစ်ယောက်ရဲ့ အဆုးံသတ်က ဒီမှာပဲပီးလိုက်ကြရအောင်

ဟေဝန် ဦးရဲ့အိင်္ကျီ စကိုဆွဲထားတဲ့လက်တွေတောင်ပြေလျော့ကျသွားတယ်..ဒါကဘာစကားတွေလဲ..??
ကျနော် ကျနော်နားကြားမှားတာတော့မဟုပ်လောက်ပါဘူးနော်..
မျက်ရည်တွေ..ရစ်ဝဲကာ..ဦးကို စူးစိုက်စွာ..စိုက်ကြည့်နေမိသည်

- ဦးကမကောင်းတဲ့သူပါ.ခလေးပေါ်ဦး သစ္စာမစောင့်ခဲ့သလိုဖြစ်သွားပီ.ဦး ဦးဂျိုးဇက်နဲ့.တောင်းပန်ပါတယ်ကွာ..ဒီမှာပဲ..ရပ်လိုက်ကြရင်ကောင်း..
- ဖြန်း..!!

ထည်ဝါ.ရဲ့စကားကိုအဆုးံမခံလိုက် ဟေဝန် ဦးရဲ့ပါးကိုချလိုက်တယ်..

- လူယုတ်မာ...ခင်ဗျားရီးကတကယ်မကောင်းတဲ့လူကြီး..ကျနော့အချစ်ကို စော်ကားလိုက်တာလား..ခင်ဗျားပြော..ကျနော့အချစ်တွေကို စော်ကားလိုက်တာလား..အဟင့်..ဟင့်

ထည်ဝါရဲ့ ရင်ဘတ်ကို..အဆက်မပျတ်ထုကာ..ပေါက်ကွဲနေတဲ့ ဟေဝန်အဖြစ်ကို..လျစ်လျူရှုကာ..ထည်ဝါ အတက်နိုင်ဆုးံမျက်ရည်မကျအောင်ထိန်းထားနေမိသည်
ဟေဝန် ဒေါသတွေ အထွတ်အထိပ်ထိရောက်နေမိတယ်.ကြားလိုက်ရတဲ့စကားက မယုံနိုင်လောက်အောင်ပဲ..ရင်ဘတ်ကိုအစိမ်းလိုက်လိုက်ခွဲပီး..ဆားနဲ့ပတ်ချလိုက်သလို..ရင်ထဲက တဆစ်ဆစ်နဲ့ နာကျင်လိုက်ရတယ်..
ဘယ်လိုတွေတောင် လုပ်ရက်လိုက်ရတာလဲ..ဦးရယ်

- မရှိတဲ့ရက်ဘယ်နှရက်မှတောင်မရှိသေးဘူး..လက်ချိုးရီတောင် ငါးချောင်းပြည့်ယုံလောက်ပဲဗျ..ခင်ဗျားရီးလုပ်ရက်တယ်..

ဟေဝန် လက်ငါးချောင်းထောင်ပြခါ မျက်ရည်တွေကြားမှ ပေါက်ကွဲ​ေနလေတယ်..
အောင် သူတို့နှစ်ယောက်ဘာတွေပြောနေလဲဆိုတာ ကားထဲမှ အကဲခပ်နေမိတယ်..နားမလည်ပေမဲ့ဟေဝန် အတော့်ကို ေဒါသထွက်နေသည်..

- ကျနော် ခင်ဗျားနဲ့မတွေ့ရတဲ့ရက်တွေမှာ ဘယ်လောက်တောင်အထီးကျန်နေမလဲဆိုတာ..ဦးမသိဘူး..ဦးမသိပါဘူး..ဦးသူနဲ့ ပျော်နေတဲ့အချိန်တွေမှာ..ကျနော်အော်နေတယ်..ဦးမကြားဘူး..ကျနော်ငိုနေတာတောင် ဦးမသိခဲ့ဘူး..ဦး ကျနော့ကိုနည်းနည်းလေးမှ နားမလည်ခဲ့ဘူးနော်..ဦး ကျနော့ကို ပြောတော့ချစ်တယ်ဆို..ခုကျနော်တို့နှစ်ယောက်အဝေးကိုပြေးကြမယ်ပြောတော့မှ..ကျနော်နဲ့အတူဘဝကိုဖြတ်သန်းချင်စိတ်နည်းနည်းလေးတောင်မရှိတော့ဘူးလား..အခု ကျနော့ကိုအရူးလုပ်ရတာပျော်ရဲ့လားဟင်..ဦး..ပျော်ပါရဲ့လား..ဟင်မတွေ့ရတဲ့ ငါးရက်လုံးမှာ..ကျနော့ကိုသတိမရခဲ့ဘူးလား..တကယ်ကျနော့ကိုသတိမရဘူးလား..နည်းနည်းလေးမှမလွမ်းဘူးလား..ဦးရာ...ဖြေပါ..ကျနော့ကို တကယ်မလွမ်းခဲ့ဘူးလား..ဟင်..အဟင့်..ဟင့်

ပိုင်ဆိုင်ချင်တယ် ဦးး♥Where stories live. Discover now