အပိုင်း(၂၆)

1.2K 49 0
                                    

- ထည်ဝါ နေလို့ကောင်းရဲ့လား..စိတ်ရှုပ်ခံပီးအရမ်းကြီးစဥ်းစားမနေပါနဲ့..မင်းခေါင်းကိုက်နေမယ်..

ပြတင်းပေါက်ဝမှာ ဝှီးရှယ် နဲ့ထိုင်ရင်း အဝေးကိုမျော်ကြည့်နေတဲ့ ထည်ဝါ ကို အာကာပြောလိုက်သည်

- ငါဘာလို့ ကားaccident ဖြစ်သွားခဲ့တာလဲ..အ့နေ့က ဘာတွေဖြစ်ခဲ့ကြလို့လဲ..

အဝေးကြည့်ရင်းသာ အာကာကိုစကားပြန်နေလိုက်သည်

- အဲနေ့က ဦးမင်းနဲ့ ကျနော်စကားများကြတယ်..ပီးတော့ ဦးမင်းကားကို အရှိန်နဲ့မောင်းသွားရင်းခုလိုဖြစ်ခဲ့တာ...

ဂျိုးဇက် .အပြင်မှ..အ​ခန်းထဲ​ြပန်ရောက်ရောက်ခြင်း ထည်ဝါ ရဲ့အမေးကို ဖြေပေးလိုက်သည်..

- ဒါဆို အဲနေ့က ငါနဲ့ ရန်ဖြစ်နေခဲ့တာ..မင်းလို့ပြောချင်တာလား..
- ဟုပ်တယ်..ဦးမင်း..အဲ့နေ့က ဦးမင်းနဲ့ကျနော် ရန်အကြီးကျယ်ဖြစ်ခဲ့တာလေ..ဦးမှတ်မိပီလား..

ထည်ဝါ မျက်လုံးထဲ ဝင်လာတဲ့ပုံရိပ်လေး...
သစ်ပင်ကြီးအောက်မှာ
ဆံပင် ရွှေအိုရောင် ကောင်လေးက ကျနော့ရင်ဘတ်ကို ထုရင်းငိုကျွေးနေတဲ့ပုံရိပ်အပိုင်းအစ.လေးတွေ...
ထိုကောင်လေးအား..ကျနော်နမ်းရှိုက်နေတဲ့ပုံရိပ်တွေ..ကျနော်တို့နှစ်ယောက် ရီမောနေကြတဲ့ပုံရိပ်တွေ..သဲသဲကွဲမမြင်ရပေမဲ့လို့..သူကို ကျနော်အရမ်းချစ်ခဲ့ပုံ..ပေါ်တယ်..

ထည်ဝါ မျက်လုံးဖွင့်ရင်း ခေါင်းကိုက်လာတာကြောင့်..နှထင် ကိုလက်ဖြင့်ဖိထားလိုက်သည်..

" ဆံပင်ရွှေအိုရောင်ကောင်လေးက ဘာလို့ သူလို့ ငါစိတ်ထဲမထင်ရတာလဲ...ပီးတော့..နားထဲမှာ..ကြားခဲ့တဲ့အသံတချို့..ဦး တဲ့ သူကကျနော့ကို ဦးတလုးံပဲခေါ်တာ...ခု ဂျိုးဇက်ခေါ်တဲ့ပုံနဲ့ကဲဲပြားနေတာ..သိရတော့ စိတ်ထဲ ကသီးကအောင့် ဖြစ်နေတယ်.."

ထည်ဝါ စိတ်ထဲ တွေးနေရင်း ဂျိုးဇက်ဘက်လှည့်ကြည့်လိုက်သည်..

- မင်း..ဆံပင်အရောင်ဆိုးဖူးလား..

ဒီလိုပဲ မေးလိုက်တယ်ထင်၍ ဂျိုးဇက် အလွယ်တကူပြောလိုက်သည်

- ကျနာ်က အနက်ပဲကြိုက်တယ်..ဘယ်အရောင်မှမစိုးဖူးဘူး..

ထည်ဝါ မျက်ခုံးတဖက်ပင့်တင်သွားမိသည်..
ဒါဆို..ထိုကောင်လေးက ဘသူဖြစ်မလဲ..??

ပိုင်ဆိုင်ချင်တယ် ဦးး♥Where stories live. Discover now