အပိုင်း(၃၀)

1.3K 45 2
                                    

Breakfast စားနေတုန်း..

- ကောင်လေး..ကိုယ့်ကိုတခုလောက်ကူညီပေးပါလား..

ထည်ဝါ ဆိုလိုက်သည်..

- ဟုတ် ပြောလေ ပိုင်ကူညီနိုင်တာ ရှိရင် ကူညီပေးပါ့မယ်..

- ကိုယ် ကားတစ်စီးလောက်လိုချင်လို့ အဲဒါ မင်းရှာပေးနိုင်မလားလ်ု့ပါ..ကိုယ့်မှာအဆက်သွယ်မရှိဘူး..အ့ကြောင့် မင်းဆီက အကူညီ..တောင်း

- ရပါတယ်..အခုလောလောဆယ်တော့ shine အပြင်တွေသွားချင်ရင် ပိုင့် ကားကိုယူသုံးထားလေ ပိုင့်မှာ ကားအရောင်းဝယ် မိတ်ဆွေတွေရှိတယ်..မိတ်ဆက်ပေးမယ်လေ..
- အင်း ကိုယ်အမြန်ဆုးံတော့လိုချင်တယ်..အခုလာမဲ့ ကြာသပတေး နေ့မတိုင်ခင်ပေါ့...

ပိုင် ခနတာမျှ စဥ်းစားနေရင်း

- shine ကလဲ ဒီလောက်အမြန်ကြီး..ဘယ်လိုလုပ်ရပ့မလဲ..ဒီနေ့ပဲ..အင်္ဂါရောက်နေပီ..
-......

ထည်ဝါ ငြိမ်နေတာကြောင့်..

- အင်းအင်း..ပိုင်အမြန်ဆုးံရအောင်ကြည့်လုပ်ပေးမယ်...မနက်စာ စားပီးရင်တော့..ဆေးသောက်လိုက်အုးံနော်..ပိုင် ကုမ္ပဏီ သွားတော့မယ်..

- အင်း

ထည်ဝါ သက်ပျင်းအရှည်ကြီး..ချပီးကာမှ..ဟေဝန် အကြောင်း စဥ်းစားနေမိသည်...
📲📲📲📲 ကလင်..ကလင်...

တွေးနေတုန်း..ဖုန်းလာတာကြောင့်..ထည်ဝါ ဖုန်းကိုင်လိုက်သည်...

- ဟယ်လို..
- ထည်ဝါ..

တဖက်ကပြောလိုက်တဲ့ အသံကြောင့်..ထည်ဝါ မျက်နှာ ကြုပ်တက်သွားတယ်...

- ဘာကိစ္စလဲ..ငါ့အထင်တော့ မင်းနဲ့ ဖုန်းပြောဖို့ အချိန်မရှိဘူး...
- ခနလေးပါ..ခနလေးပါ..ထည်ဝါရာ..ငါတောင်းပန်ပါတယ်..ဖြစ်ပျတ်ခဲ့သမျှ အကြောင်းအရာတွေက ငါတစ်ကိုယ်ကောင်း ဆန်မိတယ်ဆိုတာ မှန်ပါတယ်..အဲ့ကြောင့် ငါမင်းကို တောင်းပန်ချင်နေခဲ့တာ..

- မင်းတောင်းပန် တော့ရော..ငါခွင့်လွှတ်ပေးရမှာလား...မင်းတို့လုပ်ရပ်တွေက ငါအပေါ်ကို ဘယ်လိုတောင် လုပ်ရက်ခဲ့လဲမသိဘူး..ပီးခဲ့ပီ..ဆေးရုံမှာကတည်းက အာကာ ဆိုတဲ့ ငါ့သူငယ်ချင်း..မရှိတော့ဘူး...ဒါပဲမလား...

ပိုင်ဆိုင်ချင်တယ် ဦးး♥Where stories live. Discover now