အပိုင်း(၃၂)

1.3K 51 0
                                    

- ကားပေါ်တက်
- ကောင်လေး..ဘယ်လိုလုပ်

ဟေဝန် ကားပေါ်ကနေဆင်းလာပီး

- ဦး..ဘသူလဲဟင် အသိလား..
- ခလေး..ဒါက ဦးရဲ့ မိတ်ဆွေပါ..နေပိုင်တဲ့ ဦးတို့ကို ကူညီပေးတာ သူလေ...

နေပိုင် ကားပေါ်မှသာ ရင်ထဲကမပါသောအပြုံးတုနဲ့သာ..ကြိုဆိုနေမိသည်..

- သြော်..တွေ့ရတာ ဝမ်းသာတယ်နေပိုင် ဦးကို ကူညီပေးခဲ့လို့ ထပ်ပီးကျေးဇူးတင်ပါရစေ..ငါက ဦးရဲ့ ချစ်သူ ဟေဝန်သွေး ပါ..
- အွန်း..တက်ကြလေ တော်ကြာ shine ရဲ့ ကောင်လေး အိမ်က လိုက်လာကြလိမ့်မယ်

ထည်ဝါ ခေါင်းငြိမ့်လိုက်ရင်း..

- ကျေးဇူးတင်တယ် ကောင်လေး..
- မလိုပါဘူး..

...
ကားပေါ်ရောက်တော့..shine နဲ့ သူ့ကောင်လေး..ကနောက်ခန်းမှာ ထိုင်ကြတယ်.ကိုယ့်ချစ်ရသူကိုတခြားတယောက်နဲ့ တွဲမြင်တဲ့အခါ ဘယ်လိုခံစားရမလဲဆိုတာ ချစ်ဖူးတဲ့သူအချို့သိကြမှာပါ..
....ဒါက စွန့်လွှတ်ခြင်းတမျိုးပေါ့နော်..ကျေနပ်ပါတယ်..သူပျော်ရင် ကျနော် လဲ လိုက်ပျော်နေတက်လို့လေ..ခက်တော့လဲ ခက်တယ်..ဦးနှောက်ကသိနေရဲ့သားနဲ့ တချို့ အတ္တတွေကြ စွန့်လွှတ်လို့မရပြန်ဘူး..တကယ်တော့ ပိုင် shine နဲ့ပတ်သက်လို့ တကယ့်ဂို အတ္တ မရှိချင်ဘူး...ဒါပေမဲ့ ကိုယ်မပိုင်တဲ့ အရာဝတ္ထု လေးပေမဲ့ တ.ခြား.တယောက်ပိုင်သွားမှာကိုလည်း နှမြောနေတက်တဲ့ အတ္တ တော့ ရှိတယ်..

နေပိုင် ရှေ့မှ ကားသာမောင်းနေပေမဲ့ အတွေးတွေက ပြန့်နေခဲ့တယ်.သူတို့မသိခဲ့တဲ့ မျက်ရည်စ တို့နဲ့လေ..

- ကိုယ်မေးတာ ကောင်လေး မင်းမဖြေရသေးဘူးနော်..
- .........
- နေပိုင်..နေပိုင်..
- ဗျာ..ပိုင့်ကို ခေါ်လိုက်တာလားဟင်
- ဘာတွေ အတွေးလွန်နေတာလဲ

ဟေဝန်ကတော့ ထည်ဝါ ရင်ခွင်ထဲမှာ အိပ်ပျော်နေခဲ့သည်..

- အင်း ဒီလိုပါပဲ..အစောက ဘာမေးလိုက်တာလဲ..
- သြော် ဒီကိုဘယ်လိုလုပ်ရောက်လာတာလဲလို့ လေ

ပိုင်ရဲ့ နှခမ်းလေး..အပေါ်ကိုကွေးတင်လိုက်ပီး
အတွေးထဲမှ.." shine ကိုစိတ်မချလို့လေ..hotel မှာshine သူ့ကို စောင့်နေကတည်းက ပိုင်လဲ အဲ့နေရာမှာရှိနေခဲ့တာ..တချိန်လုံး shine နောက်ကို လိုက်နေခဲ့တာ..shine မှမသိဘဲ.."

ပိုင်ဆိုင်ချင်တယ် ဦးး♥Where stories live. Discover now