အပိုင်း(၈)

1.7K 64 0
                                    

မနက်ခင်းရဲ့နေရောင်ခြည်က..လိုက်ကာတွေကြားထဲထိုးဖောက်လာတာကြောင့်..ကုတင်ပေါ်မှာ..အိပ်နေတဲ့ထွဋ္ဋ်ခေါင်တယောက်..မျက်လုံးများဖွင့်လာခဲ့သည်..အခန်းက သူအရမ်းရင်းနီးတဲ့အခန်းဖြစ်နေတာကြောင့်..ကုတင်ပေါ်မှထထိုင်ကာ.အခန်းတခုလုံးကိုဝေ့ကြည့်လိုက်တယ်..
sofa ပေါ်မှာ..ကွေးကွေးလေးအိပ်ပျော်နေတဲ့..ဟေဝန်ကိုတွေ့လိုက်ရတော့..ရင်ထဲမှာကျေနပ်နေမိပြန်တယ်..
ဟေဝန်အနားသို့ဆောင်တထည်ယူကာလာခဲ့လိုက်သည်
ထွဋ္ဋ်ခေါင် ဟေဝန်ကိုဆောင်ခြုံပေးပီး..ကြမ်းပြင်မှာထိုင်လိုက်ကာ..ဟေဝန့်ကို မျက်တောင်မခပ်ပဲကြည့်နေသည်လေ..
"အရမ်းဖြူစင်တဲ့ညီကို..အစ်ကိုအရောင်တွေစိုးနေမိတယ်
ညီရဲ့အချစ်ကိုမပိုင်ဆိုင်ရမှန်းလဲအစ်ကိုသိတယ်..ဒါပေမဲ့ အစ်ကို့ကို ရူးမိုက်ခွင့်ပေးပါ..အချစ်မှာမတရားဘူးဆိုတာမရှိဘူးညီ..ကိုယ်ပိုင်ဆိုင်ရဖို့အတွက်..ဘယ်သူမှ အတ္တကင်းကင်းနဲ့မစွန့်လွှတ်နေဘူး...သိပ်မကြာတော့ပါဘူး..ညီ က အစ်ကို့အပိုင်ဖြစ်တော့မှာ.."

ထွဋ္ဋ်ခေါင်တွေးနေရင်း ဟေဝန် နှခမ်းနားကိုတိုးသွားကာ..နမ်းဖို့ကြံရွယ်လိုက်တယ်
ဟေဝန် နိုးလာတော့..သူ့ကို အစ်ကိုရန် ကြည့်နေတယ်ဆိုတာသိလိုက်ရတယ်..ခုချိန်အစ်ကို နဲ့စကားမပြောချင်သေးဘူး..ဒါကြောင့် မျက်လုံးမဖွင့်သေးဘဲ အိပ်ချင်ဆောင်နေလိုက်တယ် သိပ်မကြာဘူး..အနားကိုကပ်လာသလိုခံစားနေရတာကြောင့်ဟေဝန် မျက်လုံးကိုဖွင့်ကြည့်လိုက်တော့..
လှဲနေရာကနေ အစ်ကို ရင်ဘတ်ကိုတွန်းလိုက်ပီး..ချက်ခြင်းထထိုင်လိုက်တယ်..

- မလုပ်ပါနဲ့ အစ်ကိုရန်..
- အစ်ကို တောင်းပန်ပါတယ်ညီ..ကိုယ်စိတ်လွှတ်သွားလို့ပါ

ထွဋ္ဋ်ခေါင်ပြောရင်းနဲ့ရေချိုးခန်းထဲသို့ဝင်မဲ့အလုပ်..ဟေဝန်ဘက် ပြန်လှည့်ကြည့်ကာ..

- ဪ ညီ ..သဘက်ခါ ဆိုအစ်ကို့မွေ့နေ့ရောက်ပီ..အိမ်တော်မှာ ပါတီ လုပ်မှာ ညီကို ဒယ်ဒီ ကလဲဖိတ်ခိုင်းလိုက်တယ် အစ်ကိုကလဲမင်းကိုလာစေချင်တယ်
- ဟုတ် မယ်မယ်တို့နဲ့ကျနော်လာခဲ့ပ့မယ်

အစ်ကိုရန် ရေချိုးခန်းထဲဝင်မှ ဟေဝန်တယောက်သတ်ပျင်းချနိုင်တော့တယ်..
ဟေဝန် လဲ မနက်စာစားပီး အစ်ကိုရန် ကိုလိုက်ပို့လိုက်သည်..အပြန် ဦးဆီ ဝင်မယ်ဆိုတဲ့အတွေးနဲ့ပေါ့
ကားထဲတွင်..
- အစ်ကို ညီ့ကိုမေးစရာရှိတယ်
- မေးလေအစ်ကိုရန်
-  ဟိုစာရေးဆရာ နဲ့ညီကဘယ်လိုပတ်သတ်တာလဲ
ရည်စားတွေဖြစ်နေပီလား..
- ဪ ဦးကိုပြောတာလား..ဦးနဲ့ကရိုးရိုးသားပါ မိတ်ဆွေ အဆင့်မှာပဲရှိပါသေးတယ်
- ဘယ်လို ညီ မိတ်ဆွေအဆင့်မှာပဲရှိပါသေးတယ်ဆိုတော့..အ့အဆင့်ထက် မင်းကရှေ့တိုးဖို့ကြိုးစားနေတာလား

ပိုင်ဆိုင်ချင်တယ် ဦးး♥Where stories live. Discover now