အပိုင်း(၅)

2.1K 77 2
                                    

- ဟုတ်တယ်..
နောက်မှာရောက်နေတဲ့ ထည်ဝါ ဖြေလိုက်တာဖြစ်တယ်
ဟေဝန် ဦးရဲ့အသံကြားတော့ ဦးဘက်ကိုလှည့်ကြည့်ပီး အ့သြနေမိတာအမှန်ပဲ..

- ဘာလို့လဲ..ဘာလို့မပြောပြခဲ့တာလဲ..
ထည်ဝါ ဟေဝန်ဆီဖြေဖြေးချင်းလျောက်လာပီး..
- ပြောပြတော့ရော..မင်းကယုံမှာတဲ့လား..အေးမင်းအရမ်းတွေ့ချင်နေတဲ့..မင်းအရမ်းကြိုက်ပါတယ်ဆိုတဲ့ စာရေးဆရာက ဒီက ငါပါလို့ ကိုယ့်ကိုကိုယ် လက်ညိုးထိုးပီးမင်းကိုဂုဏ်ယူဝင့်ကြွားစွာ..ပြောပြနေရအုံးမှာလား..မင်းမှားနေပီ..ဟေဝန် Mr.War ကအ့လိုလူမျိုးမဟုပ်ဘူး..မင်းသိထားဖို့တခုရှိတယ်.ငါသာမင်းကိုပြောပြခဲ့ရင်..မင်းစိတ်ရင်းအမှန်တွေပေါ်လာမှာမဟုပ်ဘူးဟေဝန်..ငါမလိုချင်ဘူး..ဟန်ဆောင်တာတွေငါမုန်းတယ်..မင်းသိလားချာတိတ်..မင်းနဲမိတ်ဆွေမဖြစ်ခင်ကတည်းက ငါမင်းကိုအကြိမ်ကြိမ်မေးခဲ့တယ်..ငါဘယ်သူလဲဆိုတာ မင်းတကယ်မသိဘူးလားလို့လေ..မင်းကိုပြောပြချင်ပါတယ်..ဒါပေမဲ့ငါဆိုတဲ့ မင်းထည်ဝါ ကကိုယ့်ကိုကိုယ် အထင်မကြီးဘူးဘယ်သူ့ကိုမှလဲ ငါကစာရေးဆရာ ငါစာရေးတယ်လို့ ပြောနေမဲ့လူမျိုးမဟုပ်ဘူးချာတိတ်..တနေ့ကြရင် အဖြစ်မှန်ကိုသိမယ်ဆိုတာလဲငါသိတယ်..အ့နေ့ကိုပဲစောင့်နေခဲ့တာ..
မင်းကိုညာဖို့အစီစဉ်မရှိခဲ့ပါဘူး..

ထည်ဝါ ပြောပီးပီးချင်း..လှည့်ထွက်သွားမဲ့အလုပ်..နောက်ကနေ လက်ကိုင်ခံလိုက်ရတယ်..

- မသွားပါနဲ့..ကျနော်မှားပါတယ် နော်..ဦးကိုစိတ်မဆိုးပါဘူးကျနော်နားလည်ပေးနိုင်ပါတယ် ကျနော်နားကတော့ ထွက်မသွားပါနဲ့ နော်..အရင်လိုပဲပြန်နေပါရစေ..

ထည်ဝါ ချာတိတ်ဘက်ပြန်လှည့်လာပီး သူ့လက်ကိုကိုင်ထားတဲ့ချာတိတ်လက်ကိုပြန်ကိုင်လိုက်ကာ..

- ထွက်မသွားပါဘူး.မင်းကဦးရဲ့အကောင်းဆုံးမိတ်ဆွေပါ..ဦး မင်းကိုမထားခဲ့ပါဘူး..
- ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်..ဦး....
.
.
•••••••••••••••

ဟေဝန်အိပ်ဖို့ လုပ်နေတုန်း..အခန်းထဲသို့..မယ်မယ်ဝင်လာလေတယ်..

- သားတော် အိပ်တော့မလို့လား
- ဟုတ်ကဲ့မယ်မယ်..ကျနော်ခုမှအိပ်ဖို့ပြင်နေတုန်းပဲရှိသေးတယ်
- မယ်မယ့် သားကအခုတလောအရမ်းအပြင်ထွက်နေတယ်နော် အပြင်မှာများကောင်မလေးရှိနေပီလား..

ပိုင်ဆိုင်ချင်တယ် ဦးး♥Where stories live. Discover now