အပိုင်း(၃၈)

1.1K 43 0
                                    

- ကျွီ 🚪🚪

ထည်ဝါ ဝင်လာတော့ သူ့ကိုကျောပေးကာ အိပ်နေတဲ့ဟေဝန် ဘက်သွားကာ..ကုတင်စွန်းလေးဝင်ထိုင်လိုက်ပီး..ဟေဝန်ရဲ့ မျက်နှာပေါ်ကျနေတဲ့ ဆံပင်လေးတွေအား သူ့ရဲ့လက်ချောင်းလေးတွေနဲ့သပ်ပီး..

- ပိုင်ကပြောတယ်..ခေါင်းကိုက်နေလို့ဆို..ပီးတော့မျက်နှာလဲမကောင်းဘူးတဲ့..ဘာတွေဖြစ်နေတာလဲ ခလေးရယ်..နေမကောင်းရင် ဦးကိုလှမ်းခေါ်မှပေါ့..

ထည်ဝါ ကတော့ အိပ်နေတဲ့ခလေးလေးကို မကြားဘူးထင်၍ ပြောနေခဲ့ တယ်..
ဟေဝန် မျက်လုံးတွေသာ မှိတ်ထားပေမဲ့ ဦးရဲ့ စကားတွေကို ကြားနေခဲ့ပါတယ်..ရင်ထဲအတိုင်းမသိဝမ်းနည်းမှုတွေနဲ့အတူလေ

ထည်ဝါ အခန်းထဲကပြန်ထွက်လာခဲ့တယ်..သူမမြင်ခဲ့တာက တံခါးခြေရင်းမှာ ကျနေတဲ့ ကတ်လေးတစ်ခု..

ဦး ထွက်သွားဖြစ်တာကြောင့် ဟေဝန် မျက်လုံးဖွင့်ပီး..ကုတင်ကို မှီကာ ထိုင်လိုက်သည်
ဘောင်းဘီအိပ်ထဲက ကျော်စိုးပေးခဲ့တဲ့ ကတ်လေး ထုတ်မယ်ကြံတော့..ဟေဝန် ခေါင်းတွေပူထူသွားခဲ့သည်..ဟိုဘက်ဒီဘက် အိပ်တွေကို စမ်းကြည့်နေပေမဲ့ သူမတွေ့တာကြောင့် ကုတင်ပေါ်မှ ထကာ ပိုင်.များတွေ့မိသေးသလား ဆိုပီး.အပြင်ကိုထွက်မဲ့ အလုပ် တံခါးခြေရင်းမှာ ကျနေတာ အမှတ်မထင် ပြန်တွေ့လိုက်ရတော့ ဟေဝန် သက်ပျင်းသာ ချလိုက်မိတော့တယ်.
" ဦးမတွေ့ခဲ့ လို့ ကျေးဇူးတင်ရမယ်.."

ဟေဝန် ထိုကတ်လေးကို ကိုင်ပီး ကုတင်ပေါ်ပြန်ထိုင်လိုက်ရင်း..shoppingcentre မှာ ကျော်စိုးပြောသွားတာ ပြန်ကြားယောင်လာခဲ့တယ်..

- သခင်မကြီးပြောလိုက်တယ်..သခင်လေးမွေးနေ့မတိုင်ခင် ပြန်လာရမယ်တဲ့ ပြန်မလာခဲ့ဘူးဆိုရင်တော့ သခင်မလေး အသက်အာမမခံနိုင်ဘူးလို့ မှာလိုက်ပါတယ် .သခင်လေးလဲသိမှာပါ သခင်မလေးက သမီးအရင်းမဟုတ်ဘူးဆိုတာ.ပီးတော့ ဒီမှာ

လက်က ဟေဝန်ရဲ့ဘောင်းဘီအိပ်ကပ်ထဲ ကတ်လေးတခုထည့်ပေးလိုက်ပီး

- ဒါက သခင်လေးပြန်လာရင် ဆက်သွယ်မဲ့ ph no နောက်တစ်ပတ်အတွင်း ပြန်လာခဲ့ပါ..သခင်လေး အမေ မဆုံးရှုံးစေချင်ရင်..

ပိုင်ဆိုင်ချင်တယ် ဦးး♥Where stories live. Discover now