အပိုင်း(၇)

1.8K 69 2
                                    

- ကျေးဇူးတင်ပါတယ်..ချာတိတ်

အပြန်အလှန်တင်းကြပ်စွာဖတ်ထားကြပီး..ထိုနေ့က ဂျိုးဇက်နဲ့ချိန်းထားခဲ့သည်ကိုပင်..ထည်ဝါသတိမရတော့..

/////////// တဖတ်မှာလဲ..

စားသောက်ဆိုင်တဆိုင်မှာ..အပြင်ကိုငေးကြည့်လိုက်..လက်ကနာရီကိုကြည့်လိုက်..နဲ့တယောက်ထဲအလုပ်ရှုပ်နေတဲ့..ဂျိုးဇက်တယောက်ပါ..1နာရီကတည်းကထိုဆိုင်ကိုဂျိုးဇက်ကြိုရောက်နှင့်နေခဲ့သည်..အခု 3နာရီရှိသွားခဲ့ပြီးနောက် ဦးမင်းမလာတော့တာ သူသိနေရက်နဲ့ မိုက်ရူးဆန်စွာ..ဆက်စောင့်နေမိသည်..လာတော့မလားဆိုတဲ့အသိလေးနဲ့တင်..ဂျိုးဇက် နေ့လည်စာ ခုထိမစားသေးဘဲ .ကော်ဖီတခွက်မှာပီး.ဦးမင်းကိုစောင့်နေခဲ့တာပါ..

- အစ်ကို..တခုခုလောက်မှာစားပါလား..အစ်ကို့ကို နေ့ခင်းကတည်းကကြည့်နေတာ တယောက်ယောက်ကိုမျှော်နေသလိုပဲ..ခုထိဘာမှမစားရသေးဘူး..

waiter ကောင်လေးဆိုလိုက်သည်။

- ရတယ် ညီလေး ကိုယ်ဗိုက်မစာသေးလို့ပါ 

waiter ကောင်လေးလဲသူ့နေရာသူပြန်သွားတော့..ဂျိုးဇက် တယောက် မျက်ရည်တွေတောင်ဝဲတက်လာမိလေတဲ့အခါ..
သူဝမ်းနည်းနေပီလေ..သူမျော်နေတဲ့သူခုထိရောက်.မလာခဲ့ဘူး..ကိုယ်တန်ဖိုးထားတဲ့သူက ကိုယ့်ကို ဥပေက္ခာ တွေပဲပေးနေတော့ ဒီရင်ဘက်ကြီးထဲမှာ..ရင်နှင့်မဆန့်အောင်ခံစားနေရသည်..

"ဘာလို့ ကျနော့ကိုမှ ဥပေက္ခာ တွေပဲပေးနေရတာလဲ..ဦးမင်း သိပ်ရက်စက်တယ်..အချစ်ဆိုတာ အဆန်းကြီး မဟုပ်ခဲ့ဘူးလို့ အရင်ကတွေးထင်ခဲ့တယ် ခု ဦးမင်းကို ရင်ကွဲခံပီးချစ်မိတဲ့အခါ..အထူးအဆန်းတွေဖြစ်သွားခဲ့တာသေချာသွားခဲ့ပီ..နှလုံးသားမရှိတဲ့ ဦးးမင်း ကိုချစ်ခဲ့မိတာ ကျနော်ရင်ကွဲခံဖို့ပါ..ချစ်ခြင်း ကိုလိုက်ဖမ်းဖို့ကြိုးစားတဲ့နေကတည်းက ကျနော်စမှားခဲ့တာပဲ.."

မျက်ရည်များမကျအောင် တားဆီးနေသော်လဲ..ပါးပြင်ပေါ်သို့ကျဆင်းလာတဲ့အရည်ရွန်းလဲ့ လေးတွေက ကျနော့ကိုပြောင်ရယ်စပြု နေသလိုပဲ..ချစ်ရသူရဲ့ ဥပေက္ခာ ကိုခံရတာ ဘယ်လောက် တောင်နာကျင်နေမလဲဆိုတာ ဦးမင်း မသိဘူး

ပိုင်ဆိုင်ချင်တယ် ဦးး♥Where stories live. Discover now