ဇာတ်သိမ်းပိုင်း

6.4K 115 4
                                    

<><>ပိုင်ဆိုင်ချင်တယ်..ဦး♥<><>

လမ်းတခုလုံး..သစ်ရွက်ခြောက်လေးတွေ..မြေပေါ်မှာကျဆင်းနေသည်မှာ..ကြည်နူးစရာကောင်းလှသည်.နှင့်.ထို လမ်းလေးပေါ်မှာ..သဘောကျစွာ..ပြုံးရီရင်း ပြေးလွှားနေတဲ့...ကောင်လေးတစ်ယောက် ကြောင့်
....ထိုလမ်းလေးဟာ.. အပြစ်အနာစာ ပြောနေစရာမလိုလောက်အောင်...အားလုံးဟာ..လှပနေသည်..

smark ကျစွာ ဘောင်းဘီ အိပ်ကတ်ထဲလက်ထည့်ရင်း.. ကျနော့ဆီ ဖြေးဖြေးချင်းလျှောက်လာနေတဲ့..ဦး...
တနည်းအားဖြင့်...ကျနော့အသက်လောက်ချစ်ရသူ...

နောက်ဆုံးတော့..ကျနော်ဒီလူသားကိုပိုင်ဆိုင်ခွင့်ရခဲ့ပီပေါ့.ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကိုကျနော်လေ ပြန်ရခဲ့ပီ..အားလုံးအေးအေးချမ်းချမ်းဖြစ်သွားပီးတဲ့နောက်..ကျနော်တို့တွေ OS ကိုပြောင်းလာခဲ့တာ အခုဆို  3 နှစ်တောင်ရှိသွားပီ...
တနှစ်တခေါက်တော့ မယ်မယ် ရဲ့ အုတ်ဂူ ကိုကန်တော့ဖို့ တောင်ကြီး ကိုရောက်ဖြစ်တယ်...အရာအားလုံး ပီးဆုံးသွားသည်နှင့်အမျှ စိတ်လွှတ် ကိုယ်လွှတ်နဲ့ ဦးနဲ့အတူ.. ဘဝ ကိုဖြတ်သန်းရတာ..ကျနော့်ထက် ပျော်မဲ့သူ ရှိမယ်လို့တောင် မထင်တော့ဘူး...ဦး တဖြေးဖြေး အသက်ကြီးလာလေ ကျနော့ကို အချစ်တွေ ပိုတိုးပေးနေတာကြောင့်..ကျနော်လေ..အဲ့ဒီ လူကြီးကို အဆုံးရှုံးမခံနိုင်လောက်အောင် ချစ်နေမိပီ...

- ဖြေးဖြေး လျှောက်ပါဒီ ခလေးလေးနဲ့တော့ လျှော်လဲအုံးမယ်..

- အာ..ဦးအမြန်လျှောက်လေဗျာ..အရမ်းနှေးတာပဲ..ဒီ အဘိုးကြီး နဲ့တော့..ဟူးးမောပါတယ်..

ထည်ဝါ ပြုံးရီ လိုက်မိသည်...အဘိုးကြီးလို့ ပြောတိုင်း..ဟုတ်ပါတယ် ကျနော်က ခလေး ရဲ့အသက်ထက်ဝက်လောက်ကြီးတာနေဂိုးး

- ခလေးက ပြေးနေတာပဲ..ဦးကဘယ်လို လိုက်မှီပါ့မလဲ...

- ဟွန်..ဦးကလဲ ကျနော့ဆီ ပြေးလာခဲ့လေ..ဟိုးးမှာကြည့်...

ဟေဝန် အဝေးတနေရာသို့ လက်ညိုးလေးထိုးပြလိုက်သည်...
ချယ်ရီပင်ကြီးအောက်က...အတွဲခုံလေး..တစ်ခုံ...

- အ့ကို သွားမယ် အမြန်လာ...သူများဦးသွားလိမ့်မယ်...

ထည်ဝါ.ပြုံးပီး.​ပြေးလာခဲ့ရင်း...ဟေဝန့်ရဲ့လက်လေးကို ကိုင်ဆွဲကာ...ထိုခုံလေးဆီသို့..အပြေးလေး...လှမ်းလာခဲ့တယ်...
လမ်းလေးပေါ်မှာ...ကောင်လေးတစ်ယောက်က နောက်ကောင်လေးတစ်ယောက်ရဲ့ လက်လေးကို ကိုင်ဆွဲရင်း ပြေးလွှားနေတဲ့ ပုံရိပ်တို့က...ပန်းချီကားပေါ်မှာ အသက်ဝင်နေတဲ့...ဇာတ်ကောင်တွေလို...

ပိုင်ဆိုင်ချင်တယ် ဦးး♥Where stories live. Discover now