အပိုင်း(၄၄)

1.2K 37 1
                                    

မျက်လုံးလေးတွေ လေးလံစွာ..ပွင့်လာခဲ့ပီ

..ညက အတော်ငိုခဲ့တာထင်တယ်..ဘယ်အချိန် အိပ်ပျော်သွားခဲ့လဲတောင်မသိ..မျက်လုံးတွေတောင်မို့တက်နေခဲ့တယ်..တခါထဲ ပြန်မနိုးထနိုင်တော့တဲ့အိပ်စက်ခြင်းမျိုး အိပ်စက်လိုက်ချင်သည်..ဒါမှ ထပ်မနာကျင်ရတော့မှာလေ ပြန်နိုးလာတော့ အတိတ်ကဖြစ်ရပ်တချို့က ခေါင်းထဲတန်းစီ ဝင်လာပြန်..

ဟေဝန် ခေါင်းကိုက်နေတာကြောင့် နှထင်ကို ဖိကိုင်ကာ ကုတင်ပေါ်မှ ထဖို့အလုပ်

" ဝိုင်လေး 3 ခွက်လောက်သောက်ပီးတော့..ဒီခလေးကတော့ကွာ..ခနလေးစောင့်...သံပုရာ ရေသောက်လိုက်အုံးနော် ခလေးလေး..ပီးရင်ခေါင်းကိုက် ပြေသွားမယ်."

မျက်လုံးထဲ ပုံရိပ်တချို့က သိပ်ကြည်နူးဖို့ကောင်းတယ်..
ဟေဝန် မျက်ရည်တွေ ဝေ့တက်လာကာ အပြုံးလေးတခု ပြုံးလိုက်မိသည်..

..ခုကျနော်ခေါင်းကိုက်နေတယ်ဦး ကျနော့ကိုဘယ်သူ မှဂရုမစိုက်ကြဘူး..ဦးကို သိပ်သတိရတယ် ကျနော့အနားမှာသာရှိနေ​သေး.ရင် အရမ်းကောင်းမှာပဲဦးရယ်..

ဟေဝန်ရေချိုးခန်းထဲ ဝင်သွားတော့ သိပ်မကြာ..ရေချိုးပီးပြန်ထွက်လာခဲ့သည်..အောက်ပိုင်းကို တဘက်တထည်သာ ပတ်ထားကာ အဝတ်ရှာနေတုန်း..

- ဒေါက် ..ဒေါက် ဒေါက်

တံခါးသွားဖွင့်ပေးလိုက်တော့..

- ကိုကို ကိုကို ကိုအရမ်းလွမ်းနေတာ..

မပြောမဆိုနဲ့ နန်းထိပ်ထား ဟေဝန်အားဖတ်လိုက်သည်..
ဟေဝန် မျက်နှာ ခက်ထန်နေသည်ကို မရိပ်မိတဲ့နန်းထိပ်ထား ကတော့
သူ့ကိုဖက်ထားတဲ့ နန်းရဲ့လက်ကို ဆွဲဖြုတ်လိုက်ပီး..

- ဘာကိစ်စလဲ

- ဟင် ကိုကိုကလဲတစိမ်းဆန်လိုက်တာ..

- ငါစိတ်မကြည်ဘူး နောက်မှ လာတွေ့

တံခါးပိတ်လိုက်ပေမဲ့ ထိပ်ထားရဲ့လက်တွေက တားလိုက်တယ်..ထို့နောက် နန်းထိပ်ထား ဟေဝန့်အခန်းထဲဝင်လာခဲ့သည်..

- ကိုကို့ မတွေ့ရတဲ့ရက်တွေမှာအရမ်းပြောင်းလဲသွားတယ့်နော်.. ဒါပေမဲ့စိတ်မပူပါနဲ့ နန်းက ကိုကိုအနားမှာအမြဲရှိနေရတော့မှာလေ..

ပိုင်ဆိုင်ချင်တယ် ဦးး♥Where stories live. Discover now