အပိုင်း(၄၃)

1.2K 37 0
                                    

ဒေါ်သဇင်သွေးရဲ့ လူတွေ ဟေဝန်ကို လာကြိုပီး..ပန်းတော်ဝင်အိမ်ကို ခရီးဆက်လာခဲ့ပီ..

....ကွဲအက်နေတဲ့ နုလုံးသားတစုံကို ကျနော့ရဲ့ချစ်ရသူ ဦးရဲ့ဘေးနားလေးမှာ ဦးမသိအောင် တိတ်တိတ်လေးထားခဲ့တယ်..ပြန်လာယူမဲ့အချိန်များရှိလာခဲ့ရင်..အကယ်၍..ကံမကောင်းခဲ့ရင်တော့..

ကံကောင်းခဲ့ရင်..တချိန်ချိန် ကံကြမ္မာကမျက်နှာသာပေးလာခဲ့ရင်..ကျနော်လေ ဦးဆီပြန်လာချင်ပါသေးတယ်...

ကားရဲ့နောက်ခန်းမှာထိုင်ရင်း အဝေးကိုသာ ငေးကြည့်နေတဲ့ကောင်လေး....ကိုယ်လေးတုန်တက်နေသည်အထိ တရှိုက်ရှိုက်နဲ့ ငိုကြွေးနေတဲ့ ကောင်လေးတယောက်..
သူဘယ်လို ဖြည်ဆည်ရမလဲ..အပေါ်ယံပဲမြင်ခဲ့တဲ့ ကျနော့ခံစားချက် အတုယောင်တွေ..သူတို့မုန်းနေလောက်ပီလေ..ကျနော့ကို..

" တခုကို လိုချင်ရင် တခုတော့ပေးဆပ်ရတယ် " တဲ့...ဟုတ်ပါတယ်
တခုတော့ရလိုက်တယ်..ဒါပေမဲ့ ကျနော့ဘဝတခုလုံးနဲ့ရင်းပီး ပေးဆပ်လိုက်ရတယ်..တန်တယ်မလားဟင် အခုကျနော့မှာ ဘာမှမရှိတော့ဘူး..အားလုံးဦးနဲ့အတူ ထားခဲ့လိုက်ပီ...ကျနော့ဘဝက ဦးကိုထားခဲ့ပီးကတည်းက အမှောင်အတိကျသွားပီလေ...ကိုယ်ဖြေမဆည်နိုင်တာထက်..ချစ်ရသူငိုကြွေးနေတာမြင်ရတာ ရင်ဘတ်ထဲကပိုနာလို့မဆုံးဘူး...တကယ်တော့ ပေးဆပ်ခြင်းဆိုတာ ရူးနေခြင်းတမျိုးပဲတဲ့..အခုပေးဆပ်လိုက်ရတာ တန်ပါတယ်..သားတစ်ယောက်အနေနဲ့ ပေးဆပ်သင့်တယ်မို့လား.
.
...ဦးရဲ့လက်တွေကိုတွဲရင်း ကျနော့အိမ်ပြန်လမ်းတွေလျှောက်ခဲ့ဖူးတယ်..ဟိုးအဆုံးစွန်ထိလဲ စိတ်ကူးတွေယဥ်ခဲ့ဖူးတယ်..အခုတော့..

ဖတ်ခဲ့ဖူးတဲ့ သိပ်နူးညံတဲ့ဝတ္ထုတပုဒ်ရဲ့ခေါင်းစဥ်လို ပဲဆုံနေရက်နဲ့ လွမ်းနေခဲ့တာမျိုးတော့မဟုပ်ဘူး..မဖြစ်သာလို့ သာလက်လွှတ်ခဲ့ရတာ မပိုင်ဆိုင်ချင်တော့တာတော့ လုံးဝ မဟုပ်ပါဘူး..

.....ချစ်ခဲ့တယ်ဦး..နောင်လည်းဆက်ချစ်သွားမှာပါ..
အသက်ရှုနေရတဲ့ ထွက်သက်တိုင်း..ဦးက ကျနော့ရင်ထဲမှာ ရှိနေတဲ့ တဦးတည်းသော လူသားတစ်ယောက်ဖြစ်နေဆဲ.....

......ချစ်ခဲ့ဖူးတယ်ဦး..ရင်နှင့်မဆန်အောင်..မျက်ရည်စက်တို့ ကျနေခဲ့သည်အထိ..ပေးဆပ်ပီးချစ်ခဲ့ဖူးတယ်..
ချစ်ခဲ့ဖူးတယ် အတွေးလေးနဲ့တော့ ကျနော့ကိုသတိမရချင်နေပါ..
ဦးဘဝကို ဖျတ်ဆီးခဲ့တဲ့ အမုန်းခံလူတစ်ယောက်အနေနဲ့ သတိရနေခဲ့ရင်..တော်ပါပီ..
ကျနောကျေနပ်ပီဦး..ကျနော်ကျေနပ်ပါပီ..
အတွေးတချို့ကြောင့် အရင်ကပျော်ခဲ့ရတယ်..ကျနော်တစ်ယောက်သာ ဦးကိုပိုင်ဆိုင်ခွင့်ရခဲ့ပီပေါ့လေ..အဟက်..အခုများတော့..ပိုင်ဆိုင်ခွင့်တောဂ်မရတော့တဲ့အပြင် ဟိုးအဝေးဆုံးတောင်ရောက်သွားခဲ့ပီလေ

ပိုင်ဆိုင်ချင်တယ် ဦးး♥Where stories live. Discover now