အပိုင်း(၄၅)

1.4K 50 0
                                    

- မြေး ပြန်လာပီလား

ဟေဝန် ခေါင်းသာငြိမ့်ပြခဲ့သည်..အရင်က ဟေဝန်သွေး မဟုပ် တော့သလို စကားအသွားအလာလည်းနည်းလာခဲ့ပီ...
ဒေါ်သဇင်သွေးကတော့..ခုထက်ထိ သူ့ရဲ့မာန်ကိုမလျှော့သေးခဲ့..အရာရာဟာ သူ့စိတ်တိုင်းကျဖန်တီးနိုင်ခဲ့လို့ အခု သူငြိမ်နေတယ်လေ...
သို့ပေမဲ့....
             မုန်တိုင်းတွေမလာခင်ထိပေါ့......

.....

ည 9 နာရီလောက်ရှိနေပီ..ထိုအချိန်
     ဟေဝန့်အခန်းတံခါးဖွင့်သံနှင့်အတူ..

- သြော်..ကိုကိုစောသားပဲနော် ဒီနေ့..

ကုတင်ဆောင်းကိုမှီကာ..လက်တော့ပ် တလုံးနဲ့ အလုပ်ရှုပ်နေသည့် ဟေဝန် တစ်ယောက်

- ငါ စောတာလား မင်းနောက်ကျတာလားဆိုတာ မင်းကိုမင်း ပြန်မေးကြည့်လိုက်အုံး..

နန်းထိပ်ထား ပြူံးလိုက်ပီး ဟေဝန် ခြေဆင်းနေတဲ့ ကုတင်ခြေရင်းတွင် ဝင်ထိုင်လိုက်ကာ..

- ကိုကို..နန်း..ကိုကို ကိုပြောစရာရှိတယ်..

-..........

- နန်းမှာလေ..ကိုကို နဲ့ရတဲ့ရင်သွေးလေးရှိနေပီ..ကိုကို မပျော်ဘူးလားဟင်..

ဟေဝန် မျက်မှောင်ကြုပ့်ရင်း စိတ်ပျက်စွာ ရီလိုက်မိသည်..လက်တော့ပ် ကိုတော့ အကြည့်မပျတ်..

- အဲတော့..ငါကဘာလုပ်ပေးရမှာလဲ..ငါနဲ့ ရတဲ့ကိုယ်ဝန်ပါလို့ မင်းမှာ ဘာသက်သေရှိလိုလဲ..

- အို..ပြောရက်လိုက်တာကိုကိုရယ်..နန်းက နန်းက ကိုကိုနဲ့ မဟုပ်လို့ ဘယ်သူနဲ့ရ ရမှာလဲ..

ဟေဝန် ကြည့်နေတဲ့ လက်တော့ပ် ကို နန်းထိပ်ထားဘက်လှည့်ပြ လိုက်သည်..ပေါ်လာတဲ့ မြင်းကွင်းကြောင့် နန်းထိပ်ထားတစ်ယောက် မျက်လုံးတွေ ပြူးကျယ်သွားရသည်..
အခန်းတခုမှာ သူနဲ့ သူရဲ့ အရင် ex နဲ့ အိပ်နေပုံတွေ..

ဟေဝန် နှခမ်းလှလှ လေးပေါ်မှ တွန့်ကွေးလိုက်ရင်း

- ဘယ်လိုလဲ ငါနဲ့ရတာရောဟုပ်ပါ့မလား..

နန်းထိပ်ထား ကုတင်ပေါ် မှ ထလိုက်ပီး

- ဟင့်အင် မဟုပ်ဘူး ကိုကို ထင်နေသလိုမဟုပ်ဘူး မင်္ဂလာ ဦးညမှာကတည်းက ကိုကို နဲ့ နန်းတို့ အိပ်ပီးကြပီလေ..ဒါတွေက တမင် လုပ်ကြံတာ..ကိုကို ဒီပုံကို မယုံပါနဲ့နော် နန်း ကိုကို ကိုပဲချစ်တယ်ဆိုတာ သိတယ်မလား..

ပိုင်ဆိုင်ချင်တယ် ဦးး♥Where stories live. Discover now