Unicode
ရှောင်မီ နဲ့ ဝမ်ယု မင်နိုင်ငံရဲ့ နန်းမြို့တော်ကို ရောက်ရှိလာပေမယ့် နန်းတော်ထဲကို မဝင်သေးပဲနဲ့ မြို့ထဲမှာပဲ သတင်းတွေကို စုံစမ်းနေရသည်...ကြားရတဲ့ သတင်းတွေကတော့ တစ်ခုမှ မကောင်းပေ...အိမ်ရှေ့မိဖုရားက နန်းတော်တစ်ခုလုံးကို ချုပ်ကိုင်ထားပြီး နှစ်နိုင်ငံနယ်စပ်မှာ ရှိနေရမယ့် စစ်သူကြီးယန်ရဲ့ စစ်သားတွေကလဲ မြို့တော်အတွင်းမှာ လှည့်လည်သွားလာနေကြသည်...ဒီလောက်ဆို ရှောင်မီလဲ ရိပ်မိနေပါပြီ...ယန်မိသားစုက အိမ်ရှေ့မိဖုရား အာဏာကို အသုံးချပြီး နန်းတော်ကို အာဏာသိမ်းလိုက်ပြီဆိုတာ...ဒီအချိန်မှာ အိမ်ရှေ့မင်းသားဖြစ်တဲ့ အကိုတော်ကလဲ ဘယ်ရောက်နေမှန်း မသိ...ခရီးလွန်နေသေးတယ်...အကိုတော်သာ ရှိနေရင် အခြေအနေတွေက ဒီလောက် ဆိုးမှာ မဟုတ်လောက်ဘူး...ရှောင်မီ အရင်ဆုံး နန်းတော်ထဲကို ဝင်နိုင်ဖို့ လိုတယ်...သူ့ မယ်တော်နဲ့ ခမည်းတော် အဆင်ပြေရဲ့လား သိဖို့လိုတယ်...
'အားယု...ကျဲ နန်းတော်ထဲ ဝင်မှဖြစ်မယ်...'
'ဗျာ...ကျဲ မဖြစ်နိုင်ဘူးနော်...အရမ်းအန္တရာယ်များတယ်'
'မင်နန်းတော်ကို ကျဲ ကျွမ်းကျင်ပါတယ်...စိတ်မပူပါနဲ့'
'ဒါဆိုလဲ ကျွန်တော်ပါ လိုက်ခဲ့မယ်'
'မဖြစ်ဘူး...မင်းက မြို့ထဲမှာပဲ နေခဲ့ရမယ်...မင်းမှာ ကျဲကို လုပ်ပေးစရာ ကိစ္စတစ်ခုရှိတယ်'
'မဟုတ်သေးဘူးလေ ကျဲရာ...ကျွန်တော် တကယ်စိတ်မချတာနော်...ကျဲသာ တစ်ခုခုဖြစ်သွားရင် အကိုတော် ကျွန်တော့်ကို သတ်လိမ့်မယ်ဗျ'
ကျဲသာ တစ်ခုခုဖြစ်ရင် ကျွန်တော်လဲ အသက်ဆက်ရှင်နိုင်မှာ မဟုတ်တော့ဘူးလို့တော့ ထည့်မပြောတော့ပါ...သူမှ ထုတ်မပြောနိုင်တာလေ...
'ဘာမှမဖြစ်ပါဘူးဆို...ကျဲ အထင်တော့ အကိုတော်ရဲ့ အထောက်တော်တွေက နန်းတော်ထဲမှာ ရှိနေဦးမှာပဲ...သူတို့က အကိုတော်ကိုတော့ သတင်းပို့ပေးပြီးလောက်ပြီ...အကိုတော်က ခရီးလွန်နေတာကြောင့်သာ လမ်းခရီးက ကြန့်ကြာနေတာ နေမယ်...သူ မြို့တော်ရောက်ရင် ဒီစာကို အကိုတော်ကို ပေးပေးပါ'

YOU ARE READING
ခေတ်သစ် ဧကရီ 👑
Fantasyမီရာ ဆိုတဲ့ ဆေးကျောင်းသူလေးဟာ မထင်မှတ်တဲ့ မတော်တဆမှုတစ်ခုကနေပြီးတော့ ရှေးခေတ်ကို ပြန်ရောက်သွားတဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ... မီရာ ဆိုတဲ့ ဆေးကျောင်းသူလေးဟာ မထင်မှတ်တဲ့ မတော်တဆမှုတစ်ခုကနေပြီးတော့ ရှေးခေတ်ကို ပြန်ရောက်သွားတဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲဆို...