Part - 13

4.4K 329 16
                                    

Zawgyi

'မင်းသား...အရှင်မင်းကြီး ရောက်နေပါတယ်...'

'ဘာ...အကိုတော် ရောက်နေတာလား...'

ဝမ်ယု အိပ်ယာကနေ အလျင်အမြန် ကုန်းရုန်းထပြီး

'အကိုတော်ကို မြန်မြန် ဝင်လာခိုင်းလိုက်...'

'ဟုတ်ကဲ့ပါ မင်းသား...'

ခဏကြာတော့ ဟန်ယုက ဝမ်ယု အဆောင်အတွင်း ဝင်လာလေသည်။ ဝမ်ယုက အဆောင်မှာပဲ နေနေတာဖြစ်၍ အဖြူရောင် ဝတ်ရုံကို ရိုးရှင်းစွာ ဝတ်ဆင်ထားပြီး ဆံပင်များကိုလဲ ဖြန့်ချထားလေသည်။

'အကိုတော် ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ...'

'အားယုကို လာကြည့်တာပါ...ဒဏ်ရာရော သက်သာရဲ့လား...အဆိပ်တွေရော ကိုယ်ထဲမှာ ကျန်နေသေးလား'

'သက်သာနေပါပြီ အကိုတော်...သမားတော်က အဆောင်မှာပဲ အနားယူခိုင်းထားလို့ အကိုတော့်ဆီ မရောက်ဖြစ်တာပါ'

'အကိုတော့်ဆီက မလာလဲ ရပါတယ်...အရေးမကြီးပါဘူး...အားယု ကျန်းမာရေးကသာ အရေးကြီးတာ'

'ကြင်ယာတော်ရော အဆင်ပြေရဲ့လား...'

'အားယုက သေချာကာကွယ်ပေးခဲ့တာပဲ အဆင်မပြေပဲ နေပါ့မလား...'

ဟန်ယုရဲ့ စကားကြောင့် ဝမ်ယု ခပ်ဖွဖွလေး ပြုံးမိလေသည်။ ရှောင်ကျဲ့ ဘာမှမထိခိုက်သွားလို့ တော်သေးတာပေါ့...မဟုတ်ရင် ကျွန်တော့်ကိုယ် ကျွန်တော် လိပ်ပြာလုံနိုင်မှာ မဟုတ်ဘူး...

'ဒါနဲ့...မိဖုရားနဲ့ အမတ်ချုပ်ကြီးတို့ကို အပြစ်ဒဏ် ချမှတ်လိုက်ပြီဆို...အပြစ်ဒဏ်က ပေါ့လျော့မနေဘူးလား အကိုတော်...'

ဟန်ယုက သက်ပြင်းတစ်ချက် ချလိုက်ပြီး

'မီအာပေါ့...အပြစ်ဒဏ်ကို ဒီလောက်ပဲ ပေးဖို့ ပြောခဲ့တာ...'

'ကြင်ယာတော်က ကြင်နာတတ်လိုက်တာ...'

ဟန်ယုလဲ မီအာအကြောင်း ပြောလိုက်ရင် တလက်လက်တောက်ပလာတဲ့ ညီတော် ဝမ်ယုရဲ့ အကဲခတ်လိုက်ပြီး တစ်ချက်ပြုံးလိုက်မိသည်။ ဟန်ယု သူ့ညီတော်နဲ့ အပြုအမူတွေ တော်တော်များများကို သူ နားလည်ခဲ့ပါပြီ...မီအာနဲ့ ညီတော်ကို ပြန်ရှာတွေ့ခဲ့တဲ့ နေ့မှာပဲ ဝမ်ယုရဲ့ မျက်ဝန်းတွေ အပြုအမူတွေကို ဟန်ယု ရိပ်မိခဲ့ပြီးပါပြီ...ဝမ်ယုက သူ့ရဲ့ ညီတော် အရင်းဖြစ်သည့်တိုင် မီအာနဲ့ ပတ်သက်လာရင်တော့ ဟန်ယုမှာ အလျော့ပေးဖို့ စိတ်ကူးမရှိပါ...မီအာကတော့ ဝမ်ယုကို မောင်လေးတစ်ယောက်လိုမျိုးပဲ သဘောထားမှန်း ဟန်ယု သိပါတယ်...ဝမ်ယုက ဒီထက်ပိုပြီး ရှေ့ဆက်မတိုးသရွေ့ သူ အဆင်ပြေပါတယ်...သူ ဝမ်ယုရဲ့ ခံစားချက်တွေကို မသိချင်ယောင်ဆောင်ပေးထားနိုင်သည်။ ဝမ်ယုက သူရဲ့ အားကိုးချစ်ခင်ရတဲ့ ညီတော် ဖြစ်နေသည့်အတွက်ကြောင့်....

ခေတ်သစ် ဧကရီ 👑Where stories live. Discover now