Part - 17

1.1K 81 2
                                    

Unicode

'အကိုတော်...နေနိုင်ရင် နေ...ကျွန်တော်တော့ ထိုင်ကြည့်မနေနိုင်တော့ဘူး...'

ပြောလဲ ပြော ဝမ်ယုက ရှောင်မီတို့ရှိရာကို ခုန်ဝင်သွားတာကြောင့် ဟန်ယုမှာ တားချိန်ပင် မရလိုက်...ကလေးတွေများ စိတ်မြန်လက်မြန်နဲ့ တကယ်ပြောရခက်တယ်...သူ ဒီအချိန်ဝင်သွားတာက ပိုပြီး အန္တရာယ်များတယ်ဆိုတာ မသိတာလား...နန်းတော်ထဲကနေ ဖောက်မထွက်နိုင်ရင် အကုန်သေကြရမှာ...

ထိုအချိန်မှာပဲ ဝမ်ယုက ခဲလုံးတစ်လုံးဖြင့် ယန်ရီရဲ့ လက်ကို ပစ်ကာ ရှောင်မီကို ကယ်ထုတ်ခဲ့ပြီးလေပြီ...ပြီးနောက် ရှောင်မီရဲ့ ကိုယ်ကို သေချာကြည့်ကာ

'ကျဲ ဘယ်နားထိသွားသေးလဲ'

'ဘာမှမဖြစ်ဘူး အားယု...မင်း ဘယ်လိုရောက်လာတာလဲ...အကိုတော်ကိုရော စာပေးပြီးပြီလား'

ဝမ်ယုက ခေါင်းအသာခါပြ၍

'နောက်မှ ဆက်ပြောရအောင်'

ယန်ရီက နာသွားတဲ့ လက်ကောက်ဝတ်ကို ဖိလိုက်ပြီး ဝမ်ယုကို တွေ့တော့ အနည်းငယ် အံ့သြသွားပေမဲ့ ခပ်မဲ့မဲ့အပြုံးကို ပြုံးကာ

'အော်...မင်းသားဝမ် ပါလား...လက်စသတ်တော့ ချင်မိဖုရားက မတ်လေးကို ခေါ်လာတာပဲ အဟင်းဟင်း...နှစ်ယောက်သား ရိုးရော ရိုးရဲ့လား...'

ဝမ်ယုရဲ့ လက်တွေက ဓားရိုးကို ကျစ်ကျစ်ဆုပ်ကိုင်ပြီး ဒေါသထွက်သွားဟန် အံတင်းတင်းကြိတ်ကာ

'မင်း...ရှောင်ကျဲနဲ့ ငါ့ကို မစော်ကားစမ်းနဲ့...'

'အဟဟား...မင်းသား ဝမ်...မင်း အရမ်းငယ်ပါသေးတယ်...ကလေးတွေက ဘေးဖယ်နေသင့်တယ်'

'အားယု...သူနဲ့ ပြိုင်ပြောမနေနဲ့တော့...ကျဲတို့ နန်းတော်ထဲက ထွက်ဖို့လုပ်ရမယ်'

'ဝင်ပြီး ပြန်ထွက်လို့ ရမယ်တဲ့လား မင်းသားဝမ်...မင်း အကိုတော်သာ သိရင် ဝမ်းနည်းနေတော့မှာပဲ...သူ့ရဲ့ တစ်ဦးတည်းသော ညီတော်က သူ့မိဖုရားကို ကြိုက်နေပြီး အတူတောင် ထွက်ပြေးလာတယ်ဆိုတော့...'

'မင်း...မဟုတ်တမ်းတရားတွေ လျှောက်ပြောမနေနဲ့...မင်း...'

'သေသွားတဲ့သူတွေက အမှန်မပြောနိုင်တော့ဘူးလေ...ငါက မင်းတို့ နှစ်ယောက်ကို သတ်ပြီး အဲ့လိုကို သတင်းလွှင့်ဦးမှာ...ဒါမှ ချင်ဘုရင်က ငါ့ကို သံသယမဝင်မှာပေါ့...'

ခေတ်သစ် ဧကရီ 👑Where stories live. Discover now