Part - 5

5.3K 418 9
                                    

Zawgyi

ဒီနေ့ နှစ်နိုင်ငံ နယ်စပ်မှာ မဟာမိတ်စာချုပ်ကို ချုပ်ဆိုကြမှာ ဖြစ်လေသည်။ ရှောင်ချန်လဲ ခမည်းတော်နဲ့အတူ ပါလာခဲ့ပြီး ချိန်းဆိုထားသည့်နေရာမှာ ကြိုရောက်နှင့်လေပြီ...ခမည်းတော်က ရှောင်ချန့်ကို ချင်ဘုရင်နဲ့ တွေ့လျှင် စိတ်လိုက်မာန်ပါ မပြောမိ မလုပ်မိစေရန် အကြိမ်ကြိမ် အခါခါ ဖြောင်းဖျထားလေသည်။ ရှောင်ချန်လဲ ညီမတော် ရှောင်မီကို တွေ့ချင်လွန်း၍သာ လိုက်လာရသည်။ ချင်ဘုရင်နဲ့ သိပ်ပြီး မျက်နှာချင်းဆိုင်ချင်တာ မဟုတ်...

'ချင်ဘုရင် ရောက်လာပါပြီ...'

အစောင့်က အကြောင်းကြားပြီးပြီးချင်း စစ်ချပ်ဝတ်တန်ဆာ အပြည့်အစုံဝတ်ဆင်ထားတဲ့ ခပ်ချောချောလူငယ်တစ်ယောက် ဝင်လာလေသည်။ ထိုလူငယ်က အနီနဲ့ အဖြူရောစပ်ထားတဲ့ ချပ်ဝတ်တန်ဆာကို ဝတ်ထားပြီး ဆံပင်တွေကိုလဲ ခပ်မြင့်မြင့်စုစည်းထားလေသည်။ သေချာကြည့်လေ တော်တော်ဆွဲဆောင်မှုရှိပြီး အလွန်ချောမောသော ယောကျာ်းတစ်ယောက်ပင်...နုဖတ်နေတဲ့မျက်နှာက ရှောင်ချန်ထက်ပင် ငယ်နိုင်ချေ ရှိလေသည်။ ဒီလူက ဘယ်သူပါလဲ...ချင်ဘုရင်ရဲ့ သက်တော်စောင့်များလား...ချင်ဘုရင် မရောက်သေးတာလား...

'ရောက်နေတာကြာပြီလား...'

ရှောင်ချန်ရော ခမည်းတော်ပါ မတ်တပ်ရပ်လိုက်ကြပြီး ထိုလူငယ်ကို နှုတ်ဆက်လိုက်လေသည်။

'သိပ်မကြာသေးပါဘူး...ဒါနဲ့ ချင်ဘုရင်ရော...'

'အဟက်...ကျုပ်က ချင်ဘုရင်ပါပဲ...'

ရယ်မြူးရိပ်နဲ့ ဆိုလိုက်တဲ့ စကားကြောင့် ခမည်းတော်ရော ရှောင်ချန်ပါ အံ့သြသွားရလေသည်။ ဒီခပ်ငယ်ငယ် ချောချောကောင်လေးက ချင်ဘုရင်တဲ့လား...ဒီလောက် ရက်စက်ပြီး သွေးအေးတယ်လို့ ကျော်ကြားနေတဲ့ ချင်ဘုရင်ဆိုတာ သူတို့အရှေ့မှာ ထိုင်နေတဲ့ မထိတထိပြုံးနေတဲ့ ကောင်လေးပေါ့...

ဟန်ယုက သူ့ကို အံ့သြကာ ကြည့်နေတဲ့ မင်ဘုရင်နဲ့ အိမ်ရှေ့မင်းသားကို မထိတထိပြုံးပြလိုက်ပြီး

'ဘာလဲ...မယုံဘူးလား...ဒီလောက် ငယ်မယ်လို့ မထင်မိတာလား...'

'ဟုတ်ပါတယ်...အသက်ငယ်သေးတယ်ကြားမိပေမဲ့ ဒီလောက်ထိ ငယ်လိမ့်မယ် မထင်မိလို့ပါ...'

ခေတ်သစ် ဧကရီ 👑Where stories live. Discover now