Zawgyi
ဝမ်ယု သတိရလာတော့ ဘေးနားက ခပ်နွေးနွေး အထိအတွေ့ကို ခံစားမိတော့ လှည့်ကြည့်လိုက်တော့ သူ့ဘေးနားကို ကပ်ကာ ကွေးကွေးလေးအိပ်ပျော်နေတဲ့ ရှောင်မီကို တွေ့ရလေသည်။ ရှောင်မီရဲ့ အပေါ်တစ်ထပ်ဝတ်ရုံက သူ့ကိုယ်ပေါ်ရောက်နေတာကို တွေ့တော့ ရှောင်မီ ဘယ်လောက်ချမ်းနေမလဲ တွေးပြီး စိတ်မကောင်းဖြစ်သွားမိသည်။ အနည်းငယ်လှုပ်လိုက်မိတော့ ပခုံးက ဒဏ်ရာက ဆစ်ခနဲ နာလာလေသည်။ သူ့ဒဏ်ရာကိုလဲ စည်းပေးထားတာပဲ...အဆိပ်တွေကိုရော ဘယ်လိုလုပ်လိုက်တာလဲ မသိဘူး...အဆိပ်မိနေတဲ့ လက္ခဏာ မခံစားမိတော့ဘူး...ရှောင်ကျဲက သူ့ကို မထားခဲ့ဘူးပဲ...
(ရှောင်ကျဲ ဆိုတာ မမရှောင် လို့ ပြောတာပါ...ဝမ်ယုလေးက စိတ်ထဲကပဲ ကျိတ်ခေါ်နေတာပါ...အပြင်မှာတော့ ဘယ်လိုခေါ်လဲ ဒါဒါလေးတို့ အသိပဲ 😂😂)ဝမ်ယု အပေါ်ရုံကို ပြန်ခြုံပေးလိုက်တော့ ရှောင်မီက အနည်းငယ်လူးလွန့်ပြီး နိုးလာလေသည်။
'ဟင်...အားယု နိုးနေပြီလား...ဘယ်လိုနေသေးလဲ ဒဏ်ရာက နာနေသေးလား'
'သက်သာသွားပါပြီ...ခင်ဗျား တစ်ညလုံး အဝတ်ပါးလေးနဲ့ ဘယ်လိုနေနေတာလဲ...တစ်ကိုယ်လုံးလဲ အေးစက်နေပြီ...သေချင်လို့လား'
ရှောင်မီ စိတ်တိုတိုနဲ့ နှုတ်ခမ်းစူလာမိသည်။ သူ့ကိုလဲ အေးမှာစိုးလို့ လုပ်ပေးရသေး...ကျေးဇူးမတင်တဲ့အပြင် အအော်ပါခံရသေး...အေးပြီး သေသွားပေ့စေ...ဒီတိုင်း ပစ်ထားလိုက်ရမှာ...ကျေးဇူးမသိတတ်တဲ့ အကောင်...
'ဟုတ်တယ် သေချင်နေတာ...ဘာဖြစ်လဲ...အစတည်းက ဘာလို့ကယ်လာသေးလဲ...မကောင်းဆိုးဝါးအကောင်ရဲ့...'
ရှောင်မီ ပြောပြီးချင်းချင်း စိတ်တိုတိုနဲ့ ဂူအပြင်ကို ထွက်လာခဲ့သည်။ အပြင်မှာတော့ နှင်းကျတာ တိတ်သွားပြီ ဖြစ်သည်။
ဂူထဲမှာ ကျန်ခဲ့တဲ့ ဝမ်ယုကတော့ သက်ပြင်းတစ်ချက်သာ ချလိုက်ရင်း...ခက်တယ် ကျဲရယ်...ခက်တယ်...စိတ်ပူလို့ ပြောလို့ပြောမှန်းလဲ မသိ...စိတ်ပါ ကောက်သွားလိုက်သေး...ငါ့ကိုများ အကိုတော်များ ထင်နေတာလား မသိဘူး...
(ပြန်ချော့လိုက်ပေါ့ ဝမ်ယုရယ်...ကျဲကျဲက စိတ်ကောက်သွားပြီကို 😂😂)

ESTÁS LEYENDO
ခေတ်သစ် ဧကရီ 👑
Fantasíaမီရာ ဆိုတဲ့ ဆေးကျောင်းသူလေးဟာ မထင်မှတ်တဲ့ မတော်တဆမှုတစ်ခုကနေပြီးတော့ ရှေးခေတ်ကို ပြန်ရောက်သွားတဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ... မီရာ ဆိုတဲ့ ဆေးကျောင်းသူလေးဟာ မထင်မှတ်တဲ့ မတော်တဆမှုတစ်ခုကနေပြီးတော့ ရှေးခေတ်ကို ပြန်ရောက်သွားတဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲဆို...