Unicode
ရက်သတ္တပတ်ကြာပြီးတဲ့ အခါမှာတော့ ဟန်ကောနဲ့ ရှောင်မီတို့လဲ ချင်နိုင်ငံကို ပြန်ဖို့ ပြင်ကြတယ်...ခမည်းတော်ရော မယ်တော်ရောကို ကျန်းမာရေး သေချာဂရုစိုက်ဖို့ မှာပြီး အကိုတော်ကိုလဲ သေချာဂရုစိုက်ဖို့ ပြောခဲ့တယ်...ပုန်ကန်မှုကို တားဆီးလိုက်နိုင်ပေမဲ့ ယန်မိသားစုရဲ့ အမတ်ကြီးကို ဖမ်းမိထားပြီး ယန်ရီကတော့ လွတ်မြောက်နေသေးတယ်လေ...ရှောင်မီက ယန်ရီ လွတ်မြောက်နေတာကို စိတ်ပူနေတာ...သူ့အနေနဲ့ ချင်ဘုရင်ပြန်တဲ့အခါမှာလဲ လိုက်သွားဖို့ လိုတယ်လေ...
ခုဆိုရင် လူဆယ်ယောက်လောက် အသာလေး စီးလို့ရတဲ့ မြင်းလေးကောင်ဆွဲတဲ့ လှည်းပေါ်မှာ သူရယ် ဟန်ကောရယ် နှစ်ယောက်တည်း...စကားလဲ မပြောဖြစ်ကြ...ဟန်ကောကတော့ တစ်လမ်းလုံး သက်တောင့်သက်သာ မှေးရင်း လိုက်ပါလာတယ်...ရှောင်မီကတော့ ဟန်ကောကို အရိပ်တကြည့်ကြည့်ပေါ့...ဟန်ကော ထမင်းစားဖို့ ဆေးသောက်ဖို့ကို ဘယ်အစေခံမှ မခိုင်းပဲ ရှောင်မီကိုယ်တိုင် ဂရုတစိုက်လုပ်ပေးတယ်...ဟန်ကောကတော့ နှုတ်ဆိတ်နေမြဲပဲ...ချင်နန်းတော်ကို ပြန်ရောက်ရင်တော့ စကားပြောဖို့ လိုအပ်နေပြီဆိုတာ ရှောင်မီ သဘောပေါက်လိုက်ရသည်...
နှစ်ရက်လောက် ကြာတဲ့အခါမှာတော့ ချင်နိုင်ငံရဲ့ နန်းမြို့တော်ကို ရောက်လာခဲ့တယ်...နန်းတော်ထဲကို တိတ်တဆိတ်ပဲ ဝင်ခဲ့ကြပြီး ရှောင်မီက မိဖုရားနန်းဆောင်ကို မပြန်သေးပဲ ဘုရင့်နန်းဆောင်ကို လိုက်လာခဲ့သည်...
'ဟန်ကော...ခရီးပန်းလာတယ်ဆိုတော့ ရေချိုးမလား...မီအာ ဆေးဖက်ဝင်အပင်တွေနဲ့ ရေစပ်ပေးမယ်လေ'
ဟန်ယု ဘေးနားမှာ လာပြီး စကားပြောနေသည့် ရှောင်မီကို တစ်ချက်ကြည့်လိုက်မိသည်...တစ်လမ်းလုံး မျက်နှာငယ်လေးနဲ့ သူ့ကို အကုန်လိုက်လုပ်ပေးနေတာ...ဒီအလုပ်တွေက နန်းတွင်းအစေခံတွေကို ခိုင်းလို့ ရတာပဲကို...ဘာလို့ ကိုယ်တိုင်လိုက်လုပ်နေရတာလဲ မသိဘူး...
'မလိုဘူး...နန်းတွင်းသူတွေကို လုပ်ခိုင်းလိုက်မယ်...မင်းလဲ အဆောင်တော်ပြန်ပြီး နားတော့'
'မီအာက လုပ်ပေးချင်လို့ပါ...'
'မလိုဘူးဆို ပြန်တော့...'

YOU ARE READING
ခေတ်သစ် ဧကရီ 👑
Fantasyမီရာ ဆိုတဲ့ ဆေးကျောင်းသူလေးဟာ မထင်မှတ်တဲ့ မတော်တဆမှုတစ်ခုကနေပြီးတော့ ရှေးခေတ်ကို ပြန်ရောက်သွားတဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ... မီရာ ဆိုတဲ့ ဆေးကျောင်းသူလေးဟာ မထင်မှတ်တဲ့ မတော်တဆမှုတစ်ခုကနေပြီးတော့ ရှေးခေတ်ကို ပြန်ရောက်သွားတဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲဆို...